>2 E-Book of this week – Aung Way and Collection of Poets on Thingyan

>

ဖတ်စရာ အီးဘုတ် ၂ အုပ်

မဂ္ဂဇိန် သာဂိ

ဧပြီ ၁၇၊ ၂၀၀၉

(၁) အောင်ဝေး – အာရ်အက်ဖ်အေ ရေဒီယိုဆောင်းပါး၊ ပဉ္စမနိုင်ငံတော်တည်ထောင်ခန်း ၂၃ ပိုင်း၊ စုစည်းချက် (ရဲရင့်ငယ်ဘလော့ဂ်)

ကဗျာဆရာ၊ စာရေးဆရာ အောင်ဝေးရဲ့ အာရ်အက်ဖ်အေရေဒီယိုအသံလွှင့်ဆောင်းပါး အခန်းဆက်ကို မိုးမခက စာနဲ့ တဆင့် ပြန်လည်တင်ဆက်ပေးခဲ့ပါတယ်။ အဲသည်နားလည်မှုကို အလွတ်သဘောခွင့်ပြုကြသူတွေကို မိုးမခက ကျေးဇူးတင်ပါတယ်။ အခုအဲဒီဆောင်းပါးတွေကို အီးဘွတ်အဖြစ် တစုတစည်းတည်း စုဝေးပြီး ဖတ်ရှုနိုင်ဖို့ကို ရဲရင့်ငယ်(ကနေဒါ) http://www.yeyintnge.com/ ဆိုတဲ့ ဘလော့ဂ်ဂါတဦးက စေတနာ့ဝန်ထမ်း တင်ဆက်ပေးလိုက်ပြန်ပါတယ်။ ဆရာအောင်ဝေးက သူ့ဆောင်းပါးတွေကို တစုတစည်းတည်း အီးဘွတ်အဖြစ် တွေ့ရှိရလို့ ၀မ်းသာမှာပါ။ မြန်မာပြည်က စာဖတ်ပရိသတ်တွေအတွက် အီးဘွတ်ကို ပေါ့ပေါ့ပါးပါး သယ်ဆောင်လက်ဆင့်ကမ်း ဖတ်ရှုနိုင်မှာ ဖြစ်တဲ့အတွက်လည်း အားလုံးက ကြိုဆိုကြလိမ့်မယ် ထင်ပါတယ်။ ဒီနေရာမှာ သွားရောက်ဖတ်ရှု လက်ဆင့်ကမ်းနိုင်ပါပြီ။ http://www.scribd.com/doc/14176632/Build-5th-Myanmar

(၂) ပြိုင်တူလင်းတဲ့ ကောင်းကင် – သင်္ကြန်အမှတ်တရ ကဗျာစု (အောင်သာငယ်ဘလော့ဂ်)

အောင်သာငယ်၊ ကောင်းကင်ကို၊ မောင်ဖုန်းမြင့် ဆိုတဲ့ ကဗျာသမား၊ ဘလော့ဂ်သမားတွေ စုစည်းညီညွတ်ပြီး စီစဉ်တဲ့ အီးကဗျာစာအုပ် ဖြစ်ပါတယ်။ ကဗျာ ၃၈ ပုဒ် ပါတယ်။ ဘလော့ဂ်တွေ၊ အင်တာနက်စာစောင်တွေမှာ အားကောင်းမောင်းသန်ရေးနေတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေ၊ ပြီးတော့ ပြည်တွင်းက ဆရာတွေရဲ့ကဗျာတွေ စသည်ဖြင့် ပါဝင်ပါတယ်။ အီးဘွတ်တွေထဲက ထူးခြားမှုတခုကတော့ စာအုပ်ဒီဇိုင်းကို အထူးအားထုတ်ထားတာဖြစ်ပါတယ်။ ပန်ဒိုရာနဲ့ ပန်းချီကိုင်ဇာတို့က မေတ္တာနဲ့ရေးဆွဲပါတယ် တဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိတောက်ပန်းဓာတ်ပုံက ဂျစ်တူး(မုံရွာ)။ ကဗျာဆရာတွေအားလုံးကလည်း မေတ္တာနဲ့ ရေးကြတဲ့ ကဗျာစာအုပ်ဖြစ်ပါတယ်။ မေတ္တာတွေနဲ့ လက်ဆင့်ကမ်းဖတ်ကြဖို့ပါပဲ။ http://www.scribd.com/doc/14279950/Thingyan

စာကြွင်း – ရန်ကုန်နဲ့ မန္တလေးက မိတ်ဆွေ ဆရာ ၂ ဦးနဲ့ စကားပြောတော့ မြန်မာပြည်ပက စာပေထုတ်ဝေရေးအခြေအနေ ဘယ်လိုလဲလို့ မေးပါတယ်။ သူတို့စာအုပ်တွေ အခမဲ့အီးဘုတ်တွေ ဖြစ်နေတယ်ကြားတော့ ၀မ်းနည်းဝမ်းသာဖြစ်ကြတယ်။ ၀မ်းသာတာကတော့ လူတွေအများကြီး ဖတ်ကြတယ်၊ လက်ဆင့်ကမ်းတယ် ဆိုလို့ပါ။ ၀မ်းနည်းတာကတော့ စာပေနဲ့ အသက်မွေးရတဲ့သူတွေဆိုတော့ စာတွေပြန့်သလောက် သူတို့တတွေအသိအမှတ်ပြုမခံကြရတာကိုပါ။ အေးဗျာ။ မေတ္တာနဲ့ လုပ်ကြရတဲ့ စာပေနဲ့စာနယ်ဇင်းအလုပ်ဖြစ်နေတော့ သူတပါးစာကလေးဖတ်ရရင် ရောက်ရာအရပ်ကနေ ကာယကံရှင်ကို လှမ်းပြောပေးကြပါဗျာ။ စာဖတ်လိုက်ရကြောင်း၊ ၀မ်းသာကြောင်းပေါ့။ စာပေအနုပညာသမားတွေက စေတနာ၊ ၀ါသနာ၊ မေတ္တာနဲ့ ရေးသားကြရတာပါ။ ပီတိကိုစား အားရှိပါ၏ထဲ သူတို့လည်း ပါပါတယ်။ ဆရာတို့ရေ … ဖတ်လိုက်ရတယ်ဗျာ။ ဒီကနေ လက်လှမ်းတို့လိုက်ပါရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts