>U Thaung One Year Anniversary – One PDF File Free Download

>

စာရေးဆရာ၊ သတင်းစာဆရာကြီး ဦးသောင်း (အောင်ဗလ) ကွယ်လွန်ခြင်း ၁ နှစ်ပြည့်

မိုးမခရဲ့ ဦးသောင်းအမှတ်တရစာအုပ်ကို ပီဒီအက်ဖ်အဖြစ် အခမဲ့ ဖြန့်ချိ

မိုးမခ

ဧပြီ ၁၄၊ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့က အမေရိကန်ပြည်ထောင်စုရောက် သတင်းစာဆရာ၊ စာရေးဆရာ ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန်ခြင်း တနှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ မိုးမခစာနယ်ဇင်းအဖွဲ့က အတိုင်ပင်ခံလူကြီးအဖြစ် ရပ်တည်ပေးသူ ဆရာကြီးဦးသောင်းကို ဂုဏ်ယူသောအားဖြင့် အမှတ်တရစာစုများဟူသည့် စာအုပ်တအုပ်ကို ၂၀၀၈ ဧပြီလက ထုတ်ဝေခဲ့ဘူးသည်။ ထိုစဉ်က ပုံနှိပ်ထုတ်ဝေသောစာအုပ်ကို ယခု ကွန်ပျူတာနှင့်ဖတ်ရှုနိုင်သော ပီဒီအက်ဖ် အီးစာအုပ်အဖြစ် ပြောင်းလဲပြီး အင်တာနက်ကတဆင့် အခမဲ့ ဖြန့်ချိလိုက်ပါသည်။ ဆရာကြီး ဦးသောင်းကို ချစ်ခင်အမှတ်တရနေဆဲ ချစ်သူများ၊ ပရိသတ်များအတွက် ဆရာကွယ်လွန်ခြင်း ၁ နှစ်ပြည့် စာပေအလှူဒါနတခုအဖြစ် မှတ်ယူပေးစေလိုပါသည်။ ဒီနေရာမှာ အခမဲ့ ရယူနိုင်ပါပြီ။ လက်ဆင့်ကမ်း ဖြန့်ချိပေးကြပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts