>Maung Swan Yi – Modern Burmese Poems

>

မော်ဒန်ရဲ့ မာယာ – ၃

ကျနော်တို့ရဲ့ မော်ဒန်ကဗျာခရီးစဉ်

မောင်စွမ်းရည်

ဧပြီ ၁၂၊ ၂၀၀၉

စာပေဝါဒ၊ စာပေသဘောထားအနေနဲ့ပြောရရင် ကျနော့်အနေနဲ့ မော်ဒန်ဝါဒကို မကြိုက်ဘူး။ သရုပ်မှန်ဝါဒ ဘဝသရုပ်ဖေါ်စာပေ ကို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်ဒန်ဝါဒဆိုတာ တကိုယ်တော် ဘဝ၊ တကိုယ်တော်ခံစားမှုကို အခြေခံပြီး သရုပ်မှန်ဝါဒက လူထုဘဝ၊ လူထုခံစားမှုကို အခြေခံတယ်လို့ ကျနော် သဘောရပါတယ်။

တကယ်တော့ မော်ဒန်ဝါဒဆိုတာ ရှုပ်ထွေးတဲ့လူက အဖွဲ့အစည်းထဲကထွက်ပြေးတဲ့၊ ရှောင်ပြေးတဲ့ ဝါဒပဲ။ သရုပ်မှန်ဝါဒက လူ့အဖွဲ့အစည်းအတွင်းကို ရဲရဲဝင်ရောက်ရင်ဆိုင်တဲ့ ဝါဒပါပဲ။ လူအများစုနဲ့ ဆိုတဲ့ အနုပညာရပ်တခုကို ဖန်တီးတဲ့အခါမှာ လူအများစုအတွင်း ဖြစ်ပေါ်နေတဲ့၊ ပြည်သူလူထုအတွင်းမှာ တည်ရှိနေတဲ့ ဒိဋ္ဌိဓမ္မလောကအမှန်တရားကို မျက်နှာလွှဲပြီး တကိုယ်တော် ဧကစာကျင့်တာကို ကျနော်မကြိုက်တာ ဖြစ်ပါတယ်။ အမှန်တရားကို ရင်ဆိုင်ရဲသလား၊ အမှန်တရားက ထွက်ခွာပြေးသလား။ အဲဒီအချက်နှစ်ချက်ကို မူတည်ပြီး စဉ်းစားတဲ့အခါရလာတဲ့ အဖြေက မော်ဒန်ဝါဒကို ကျနော် မကြိုက်ဘူး။
အဴပည့္အစုံသိုႛ …



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts