>
ကျန်းမာရေးအခြေအနေ စိုးရိမ်ရ
မိုးမခအထောက်တော် ဝဝ၈
ဧပြီ ၇၊ ၂၀၀၉
ကိုလေးလွင်သည် ၈၈ အရေးတော်ပုံ ပေါ်ပေါက်ရန် စတင်လှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားများတွင် တစ်ဦး အပါအ၀င် ဖြစ်ပြီး အရေးတော်ပုံကာလအတွင်း မန္တလေးမြို့၌ ဦးဆောင်ပါဝင်ခဲ့သည်။ အရေးအခင်းပြီးနောက် မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အတွင်း စစ်အစိုးရက ဖမ်းဆီးကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ ၎င်းသည် လုံခြုံရေး အခြေအနေကြောင့် ၂၀၀၇ ခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်မှတဆင့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း – မြန်မာနိုင်ငံ (အေအေပီပီ) အပါအ၀င် လူ့အခွင့်ရေးအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့ အစည်းများနှင့် အတူ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ဆက်လက် ပါဝင်ခဲ့သည်။
လောလောဆယ်တွင် ၄င်း၏ ကျန်းမာရေး အခြေအနေမှာ တစုံတရာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး ဆေးဝါးကုသမှု ကုန်ကျစရိတ်ကို မိတ်ဆွေအချို့က အဖွဲ့ငယ်လေး တစ်ခု ဖွဲ့စည်း ကောက်ခံကာ ကူညီလျက်ရှိသည်။ ဆက်သွယ်လိုသူများ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း – မြန်မာနိုင်ငံ (အေအေပီပီ)၊ ဧရာဝတီ သတင်းဌာနနှင့် မိုးမခ သို့ ဆက်သွယ်နိုင်ပါသည်။