>Arakan State trip photo essay


>

ရခိုင်ဒေသမှ ဘင်္ဂါလီ သို့မဟုတ် ရိုဟင်ဂျာများ
ဓာတ်ပုံအက်ဆေး
ဝင်းမြတ်
ဧပြီ ၂၊ ၂၀၀၉

မကြာသေးမီ လများအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် ရခိုင်ပြည်နယ် နယ်စပ်မှ အလုပ်အကိုင် ရှာဖွေသူ အများအပြားသည် ပင်လယ်ခရီးကို စွန့်စား ဖြတ်သန်းပြီး နေရပ်ကို စွန့်ခွာခဲ့ကြသည်။ ထောင် နှင့် ချီ ရှိသော လှေစီးခရီးသည်များသည် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက် သောင်တင်ကြသောအခါ ၎င်းတို့၏ အကြောင်းက ကမ္ဘာ့သတင်း မျက်နှာစာတွင် နေရာယူလာကြသည်။ ၎င်းတို့ကို မြန်မာပြည်မှ ရိုဟင်ဂျာတိုင်းရင်းသားများဟု ဖော်ပြကြသည်။

မြန်မာအစိုးရက မြန်မာပြည်တွင်ရှိသော တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ရိုဟင်ဂျာ ဆိုသည့် လူမျိုးများ မပါရှိကြောင်း တုံ့ပြန်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား ခိုင်ခိုင် လုံလုံ ပြသနိုင်ပါက ပြန်လည် လက်ခံမည်ဟု ဆိုသည်။ ၎င်းတို့သည် ဘင်္ဂါလီလူမျိုးများ ဖြစ်သည်ဟု ဆိုသည်။ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းတနေရာ

အဆိုပါ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံသား အသိ အမှတ်ပြု လက်မှတ် မရှိဘဲ အဖြူရောင် ကတ်ပြား တမျိုးသာ ရှိကြသည်။ ကတ်ပြားပေါ်တွင် ဘင်္ဂါလီလူမျိုး မွတ်စလင်ဘာသာဝင် ဟု ဖော်ပြထားသည်။
အဆိုပါ ကတ်ပြားဖြူဖြင့် ယမန်နှစ်က ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ အတည်ပြုသည့် ဆန္ဒခံယူပွဲတွင် မဲပေးခဲ့ကြရသည်။

နာဇီကျေးရွာအတွင်း မှ ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုး ကလေးများ။ မွတ်စလင် ဘာသာဝင်များ အများစု နေထိုင်သော ဤရွာလေးသည် စစ်တွေမြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ၎င်းတို့သည် ရခိုင်စကား၊ ဘင်္ဂါလီစကားတို့ကို အများဆုံး ပြောဆိုနိုင်ကြသည်။ မြန်မာစကားကိုလည်း အနည်းငယ် ပြောဆိုနိုင်သည်။

ရိုဟင်ဂျာခေါ် ဘင်္ဂါလီ လှေထိုးသားတဦး

မောင်တောမြို့မှ သားအမိနှစ်ဦး

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ရေခဲချောင်းရောင်းသည့် ကလေးတဦး။ မောင်တောမြို့လူဦးရေ ၉၃ % သည် ဘင်္ဂါလီများ ဖြစ်သည်။ ၇ % မှာ ရခိုင်နဲ့ အခြား တိုင်းရင်းသားများဖြစ်သည်ဟု သိရသည်။

စစ်တွေဆိပ်ကမ်း မြင်ကွင်းတခု။

မေယုမြစ်(ဒေသအခေါ် မယူမြစ်) တွင် ငါးဖမ်းနေကြသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများ

မေယုမြစ်အတွင်းမှ တံငါသည်မြေးအဖိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts