>Thee Lay Thee to perform farewell stage in LA

>

သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့်အဖွဲ့ အမေရိကန်ခရီးစဉ် နှုတ်ဆက်ပွဲကပြမည်

မိုးမခ အထောက်တော် ၀၀၂

မတ် ၂၇၊ ၂၀၀၉

၂၀၀၉ နှစ်ကူးချိန်ကစပြီး အမေရိကန်ပြည်သို့ ဖျော်ဖြေရေးခရီးစဉ်ဖြင့်ရောက်ရှိလာခဲ့ပြီး ယခုမတ်လကုန်အထိ တောက်လျောက် အနုပညာတင်ဆက်မှုများနှင့် အမေရိကန်တလွှားက မြန်မာပြည်သူတို့၏ အားပေးမှုကို သောင်းသောင်းဖြဖြရခဲ့သော သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်အဖွဲ့သည် နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ခရီးစတင်ခဲ့ရာ အယ်လ်အေမြို့တွင် မတ်လ ၂၈ ရက်နေ့မှာ ကပြဖြော်ဖြေမည်ဖြစ်သည်။

သီးလေးသီးဝိုင်းတော်သားများ အမေရိကန်ပြည်သို့ ရောက်ကတည်းက လှိုက်လှဲစွာ ကြိုဆိုနေရာချထားပေးခြင်း၊ ပွဲစဉ်များ ခရီးစဉ်များအတွက် လိုအပ်သည့် ဝေယျာဝစ္စများ အစွမ်းကုန်ကူညီဆောင်ရွက်ပေးခြင်းနှင့် မိသားစုသားချင်းများသဖွယ် လိုက်လံအားပေးစောင့်ရှောက်ခဲ့ကြသည့် အယ်လ်အေမြို့က “စီစဉ်သူများ”က သီးလေးသိးအဖွဲ့ကို နှုတ်ဆက်သည့် ပွဲဖြစ်သလို သီးလေးသီးအဖွဲ့သားများကလည်း ချစ်ခင်လေးစားရပါသော မြန်မာပြည်သူပရိသတ်ကြီးကို ကျေးဇူးတင်သည့်အမှတ်တရ နှုတ်ဆက်ပွဲတခု ဖြစ်သည်ဟု ဆိုနိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts