Uncategorized

Hilary Whiteman – Myanmar movie star buries the dead

မြန်မာ့ရုပ်ရှင်မင်းသား သုဘရာဇာ
ဇူလိုင် ၁၀၊ ၂၀၁၃


မြန်မာတွေဟာ အရေးပေါ်ဖြစ်လာပြီဆိုရင် ၉၁၁ ကို ဖုန်းမခေါ်ကြ၊ အခြားအရေးပေါ်ဝန်ဆောင်မှုတွေကိုလည်း မဆက်သွယ်ကြပါ။
သူတို့ဟာ တိုင်းပြည်ရဲ့ မာလွန်ဘရန်ဒို သူရဲကောင်းကိုသာ ဆက်သွယ်ကြပါတယ်။ နာမည်ကျော် မင်းသားကြီး မာလွန်ဘရန်ဒိုဟာ ကမ္ဘာ့ရုပ် ရှင်လော ကကို စွန့်ခွာခဲ့ပြီး ၁၉၈၀-၁၉၉၀ အတွင်းမှာ အရေးပေါ်လူနာတင်ယာဉ်တွေ၊ အသုဘသင်္ဂြိုလ်ခြင်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။
မြန်မာအမည် ကျော်သူလို့ခေါ်တဲ့မင်းသားဟာ ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့ပြီး အကယ်ဒမီရွှေစင်ဆုကို ၁၉၉၄ ခုနှစ်မှာ တစ်ပြည် သူမရွှေထားရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာ အမေ့နို့ဖိုး ဇတ်ကားနဲ့ ရုပ်ရှင်ဒါရိုက်တာဆုကို ထပ်မံရရှိခဲ့ပေမယ့် ဆေးရုံမှာ အဖော်မဲ့ သေဆုံးခဲ့ရတဲ့ အဘွားအိုတစ်ယောက်ရဲ့ အဖြစ်က သူ့ရဲ့ လမ်းကြောင်းကို ဆွဲလှည့်သွားခဲ့ပါတယ်။
ဆရာဝန်တွေက မိသားစုဝင်တွေကို လူနာဟာ ကွယ်လွန်ခါနီးပြီလို့ ရှင်းပြခဲ့ကြပါတယ်။ ဒီနောက်မှာ မိသားစုတွေ ပျောက်သွားပါတော့တယ်။ နောက်ရက်အနည်းငယ်မှာ လူနာသေဆုံးခဲ့ပါတယ်။ ရုပ်အလောင်းကို ပိုင်ရှင်မရှိပဲဖြစ်နေပါတယ်လို့ ကျော်သူက သူ့ရဲ့ ရန်ကုန်ရုံးခန်းအတွင်းမှာ CNN ရုပ်သံကို ရှင်းပြခဲ့ပါတယ်။
လူနာရဲ့မိသားစုဟာ သင်္ဂြိုလ်စားရိတ် မတတ်နိုင်တာကြောင့် ဒီလိုဖြစ်ခဲ့တာလို့ သိလာခဲ့ပါတယ်။ ဒီလိုအဖြစ်တွေ အများကြီးပေါ်ပေါက်နေပြီး ဆင်းရဲတဲ့မိသားစုတွေဟာ လူနာကွယ်လွန်တဲ့ညမှာ ဆေးရုံက ထွက်ပြေးကြတယ်လို့ သူကပြောပြပါတယ်။
ဒါနဲ့ပဲ အခမဲ့နာရေးကူညီမှုအသင်းပေါ်ပေါက်လာပါတော့တယ်လို့ အကယ်ဒမီဆုများရှင် ကျော်သူကပြောပြပါတယ်။ သူဟာ အခမဲ့စာကြည့် တိုက်၊ ပညာသင်ကျောင်း၊ သွားဆေးကုခန်း၊ အခမဲ့ဆေးခန်းနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ပါ တယ်။
● ရုပ်ရှင်များမှ နာရေးများဆီသို့
ရုပ်ရှင်လောကကို စွန့်ခွာဖို့ဆိုတာ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တော့မဟုတ်ခဲ့ပါဘူး။ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံရပြီး ရုပ်ရှင်ရိုက်ခွင့်ကို အပိတ်ခံခဲ့ရပါတယ်။
၂၀၀၇ နှစ်မှာ မြန်မာစစ်အစိုးရဟာ ၁၉၈၈ နောက်ပိုင်း အကြီးဆုံး အစိုးရဆန့်ကျင်ဆန္ဒပြပွဲကို ရက်ရက်စက်စက်နှိမ်နင်းခဲ့ပါတယ်။ ဘုန်းကြီးတွေဦးဆောင်ပြီး လူထောင်ပေါင်းများစွာဟာ အစိုးရရဲ့ ဓါတ်ဆီထောက်ပံ့မှုလျော့ချရေးအစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ကျော်သူက ဒီဆန့်ကျင်ဆန္ဒပြပွဲကို ကူညီခဲ့တယ်ဆိုတာကို မငြင်းပါဘူး။ သူက လူတွေကို ကူညီတယ်ဆိုတာ အဆင့်အတန်း၊ လူမျိုး၊ ဘာသာမရွေး ကူညီတာမို့ ဘယ်သူ့ကိုမှ မျက်နှာမလွှဲနိုင်ပါဘူးလို့ ဆိုပါတယ်။
ဦးကျော်သူက နှစ် ၅၀ စစ်အုပ်ချုပ်ရေးအပြီး ၂၀၁၁ မှာ အာဏာရလာတဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ရကိုင်ရတာ ပိုကောင်း လာတယ်လို့ ရှင်းပြပါတယ်။
ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ ကွက်တိကွက်ကြား လူမှုရေးလုပ်ငန်းတွေနဲ့ ဆင်းရဲမွဲတေမှုကို ကာကွယ်ဖို့ အစီအမံတွေက မလုံလောက် သေးဘူးလို့ ဆိုပါတယ်။ ကျွန်တော်တို့က ဘာတွေလုပ်ပေးဖို့ လိုနေသေးတယ်ဆိုတာကို အစိုးရကို ပြနေကြတာပါလို့ ပြောပြပါတယ်။
သူက အစိုးရဟာ တကယ့်လက်တွေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိဘူး။ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကလည်း နေပြည်တော်ကိုသာ တိုက်ရိုက်သွားပြီး နိုင်ငံရေးသမားတွေနဲ့တွေ့ပေမယ့် ပြည်သူတွေနဲ့ ထိတွေ့မှု မရှိဘူးလို့ ဆိုပါတယ်။
ကျွန်တော်အကြံပြုလိုတာကတော့ လူမှုရေးအဖွဲ့တွေ၊ NGO တွေနဲ့ အရင်တွေ့ပြီး သတင်းအချက်အလက်တွေရရင် တကယ့်လက်တွေ့ကို သိလာမယ်။ ဒါကိုဝေဖန်ပိုင်းခြားပြီး ညှိနှိုင်းဆွေးနွေးဖို့ အစိုးရနဲ့ တခြားပါတီတွေနဲ့ တွေ့တာကပိုကောင်းပါမယ်။
သူက အခြားပါတီတွေဟာ သူတို့ရဲ့ ကတိတွေကို သူတို့ကိုယ်ပိုင်အလှူငွေနဲ့ အောင်မြင်အောင်လုပ်ဆောင်သင့်ပြီး သူ့ကို ဘဏ်တိုက်လို သဘောထားမနေသင့်ကြောင်းလည်း ပြောပါတယ်။
● ပြန်လည်ပြုပြင်နေသော တိုင်းပြည်လား
World Economic Forum ကို ရာနဲ့ချီတဲ့ ကိုယ်စားလှယ်တွေ လာရောက်ခဲ့ကြပြီး အတိတ်ကနာမည်ဆိုးကို ဘယ်လောက်ခါချနိုင်မလဲလို့ နှစ်ရက်ကြာဆွေးနွေးပွဲအတွင်း CNN က ကိုကျော်သူနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
အခြေခံလောက်သာ ဒါမှမဟုတ် လုံးဝနီးပါး လူမှုအထောက်အပံ့တွေမရှိနေတဲ့ တိုင်းပြည်ဟာ မခိုင်ခံ့တဲ့အဆောက်အဦးတွေ၊ ချိုင့်ခွက်တွေပြည့်နေတဲ့လမ်းတွေ၊ ကွက်တိကွက်ကြားဆက်သွယ်ရေးကွန်ယက်တွေအပြင် သန်း ၆၀ ရဲ့ လေးပုံတစ်ပုံကိုသာ ထောက်ပံ့ပေးနိုင်တဲ့ ဒိတ်အောက်နေတဲ့ ဓါတ်အားလိုင်းတွေသာရှိနေပါတယ်။
စစ်အုပ်ချုပ်ရေးအောက်မှာ မြန်မာ့စီးပွားရေးဟာ ၁၉၀၀ ပြည့်နှစ်မှတ်တမ်းများအတိုင်း ၁၉၉၀ ခုနှစ်မှာ ထပ်တူရှိနေပါတယ်။ ( နောက်ဆုံး ထွက်တဲ့ McKinsey & Company ရဲ့ မှတ်တမ်းအရဖြစ်ပါတယ်။ )
ဒါကို ပြုပြင်မယ်ဆိုရင် ငွေလိုပါတယ်။
ကျော်သူနဲ့အဖွဲ့ဟာ အလှူငွေတွေပေါ်မှာ ရပ်တည်နေပြီး လုပ်အားပေး ၅၀၀ လောက်ဟာ နေ့စဉ်နာရေးကူညီမှုအသင်းမှာ လုပ်အားပေး နေကြပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း ဆေးရုံနဲ့ ဆေးပေးခန်းတွေမှာ မျက်စိခွဲစိတ်ခြင်း၊ မိခင်ကလေးစောင့်ရှောက်ခြင်းနဲ့ သွေးလှူဒန်းခြင်းတို့အတွက် ဆောင်ရွက်ပေးနေကြပါတယ်။
သူတို့လုပ်ငန်းအတိမ်အနက်ကို ရုံးခန်းအ၀င်ဝမှာ ချိတ်ဆွဲထားတဲ့ ရာပေါင်းများစွာသော ဓါတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံမှာတော့ အသစ်စက်စက်ဇနီးမောင်နှံဟာ လက်ထပ်ပွဲဝတ်စုံနဲ့ ခေါင်းတလားကိုသယ်ဆောင်ပေးနေကြပါတယ်။ သူတို့ဟာ လက်ထပ်ပြီးပြီးချင်း လုပ်အားပေးလာခဲ့တာပါလို့ ကိုကျော်သူက ပြောပြပါတယ်။
တခြားပုံတွေမှာတော့ ရေတွင်းတူးနေတာတွေ၊ ဆိုက်ကလုန်းဒုက္ခသည်တွေကို ကူညီပံ့ပိုးနေတာတွေ၊ ကျောင်းသားတွေ စာသင်နေတာတွေ၊ ရုပ်အလောင်းပုံတွေကို တွေ့ရပါတယ်။
● မြန်မာပြည်သားတွေ ညီညွတ်ကြပါ။
ကျော်သူဟာ မြန်မာပြည်မှာ အလွန်နာမည်ကျော်ကြားနေပါတယ်။ နိုင်ငံအများအပြားမှာ နိုင်ငံရေးသမားတွေက ဆောင်ရွက်ပေးရမယ့် ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ပေးပြီး နာမည်ရနေပေမယ့် နိုင်ငံရေးထဲဝင်ဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောပါတယ်။
သူက ခေါင်းခါပါတယ်။ နိုင်ငံရေးပါတီထောင်ဖို့ မရည်ရွယ်ပါဘူး။ ပရဟိတလုပ်ဖို့ပဲ စိတ်အားထက်သန်ပါတယ်။ အာဏာလဲမလို၊ ကျော်ကြား ဖို့လဲမဟုတ်၊ လူအထင်ကြီးခံရဖို့လဲ မဟုတ်ပါဘူးတဲ့။
ကျွန်တော်တို့ လူတွေကိုကူညီတဲ့အခါမှာ အကျိုးမျှော်၊ အခွင့်မျှော်တာမျိုးမရှိပါဘူး။ ကူညီလိုက်ရင် သူတို့ပျော်တဲ့အခါ ကျွန်တော်လဲပျော်ပါ တယ်။
သူက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်။ သူမရဲ့ ဓါတ်ပုံကို သူ့ရုံးခန်းမှာ ချိတ်ဆွဲထားပါတယ်။ ဒါပေမယ့် လူတွေ ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီး ဒေါ်စုကြည်ကို အထင်ကြီးလေးစားရုံသက်သက် မနေသင့်တော့ဘူးလို့ ဆိုပါတယ်။
လူတွေက သူတို့ပြောတာကို လေးစားလိုက်နာခြင်းမရှိပါဘူး။ အရမ်းအထင်ကြီးတယ်။ ချစ်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ရဲ့ မူဝါဒတွေကို မလိုက်နာပါဘူး။ အကောင်အထည်မဖော်ပါဘူး။ ဒါဟာ မြန်မာပြည်သူတွေရဲ့ ပြသနာပါပဲ။
ကျော်သူဟာ ဗမာဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစုမူဆလင်တွေကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို စိုးရိမ်ပူပန်နေပါတယ်။
သူက ရိုဟင်ဂျာတွေရှိပြီး လူအခွင့်အရေးအဖွဲ့တွေက မျိုးတုန်းသတ်ဖြတ်မှုလို့ ပြောနေကြတဲ့ ရခိုင်ပြည်နယ်ကို သွားလာခွင့် မရခဲ့ကြပါဘူးလို့ ပြောပါတယ်။
အစိုးရက အဲဒီနေရာဟာ သိပ်အန္တရာယ်များပြီး သွားရေးလာရေးခက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အဲဒီကို သွားခွင့်မရခဲ့ပါဘူးလို့ ဦးကျော်သူက ဆိုပါတယ်။
သူက စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီသို့ အကူးအပြောင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုတာ လူတွေပေါ်မှာပဲ မူတည်ပါတယ်လို့ ဆိုပါတယ်။ စစ်အုပ်ချုပ်ရေးကို ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံးခဲ့တာမို့ စိတ်ဓါတ်တွေနိမ့်ကျပျက်စီးနေတယ်လို့လဲ ပြောပါတယ်။
တကယ်လို့များ လူတွေရဲ့ စိတ်ဓါတ်တွေ အကောင်းဘက်ကို ပြောင်းလဲသွားမယ်ဆိုရင် ငါးနှစ်အတွင်း ပြောင်းလဲကုန်မှာပဲ။
လူတွေကို ကျွန်တော်ပြောချင်တာက ညီညွတ်ကြပါ။
(၁၂.၀၆.၁၃ နေ့ CNN မှာ ဖော်ပြခဲ့တဲ့ ဦးကျော်သူအကြောင်း ဆောင်းပါးပါ။ ဂုဏ်ယူပါတယ် ဦးကျော်သူ။ မြန်မာမှာ ဒီလိုလူမျိုးတွေ ရှိနေ ကြောင်း ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။)
စီအဲန်အဲန် မူရင်းဆောင်းပါးလင့် – 

ဘာသာပြန်ထားသည်အား ဤနေရာမှ ပြန်လည်ကူးယူခြင်းဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts