>Burmese Internet will be more slower than now for 5 days

>

မြန်မာအင်တာနက် ယခုထက်ပိုပြီး နှေးမည် -သတင်းကောက်နုတ်ချုက်

နန္ဒိက

မတ် ၂၁၊ ၂၀၀၉

လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား – International Internet Backbone Fiber Optic Cable ဖြစ်သော SEA-ME-WE3 အား ပြုပြင်မှုကို ၂၀၀၉ ခုနှစ်၊ မတ်လ (၂၁) ရက်တွင် စတင်မည် ဖြစ်ပြီး (၂၅) ရက်နေ့ ခန့်တွင် ပြီးစီးမည် ဖြစ်ပါသည်။ ယင်းကာလအတွင်း အရန်ဆက်ကြောင်းဖြင့်သာ ၀န်ဆောင်မှု ပေးနိုင်မည် ဖြစ်ပါသဖြင့် Internet နှင့် E-mail သုံးစွဲမှုများ နှေးကွေးသွားစေမည် ဖြစ်ပါသည်။

အရေးပါသော လုပ်ငန်းများအတွက် E-mail များ အတတ်နိုင်ဆုံး ဆက်သွယ်မှု ရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၅) ရက်ခန့် ကာလအတွင်း သည်းခံ သုံးစွဲပေးပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါသည်။ (မြန်မာ တယ်လီပို့)

ကုမ္ပဏီဝန်ထမ်း တစ်ဦးက – “အရင်က ဒီကြေညာချက် ထုတ်ပြီးတော့ဗျာ … ဘာဖြစ်လို့လဲ မသိဘူး၊ ဒီနေ့ တော်တော် ကောင်းတယ်ဗျာ။ အရင်နေ့တွေက မကောင်းဘူး …” ဟု ပြောသည်။


အခြား ကုမ္ပဏီဝန်ထမ်းတဦးက ဆက်လက်၍ “ သိပ်မထူးဘူးဗျ။ ကျနော်က ဖရီးဒန်း အမြဲ သုံးနေတော့ သူတို့ လုပ်တာ မသိတော့ဘူး။ ကော်နက်ရှင်ကတော့ အခု ပုံမှန်ပဲ …” ဟု ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts