>North Korea elected its dictator with 100 % vote

>

မြောက်ကိုရီးယား သမ္မတကြီး ကင်ခြုံအီ ၁၀၀ ရာခိုင်နှုန်းသော ဆန္ဒမဲ အပြတ်အသတ်ဖြင့် အနိုင်ရ

မိုးမခ အထောက်တော် ၀၀၃

မတ် ၁၂၊ ၂၀၀၉

၂၀၀၈ သြဂုတ်လက ခေါင်းဆောင်ကြီး ကင်ခြုံအီ၏ ကျန်းမာရေးချို့ယွင်းမှုများကြောင့် ၅ နှစ်တကြိမ် ကျင်းပနေကြ မြောက်ကိုရီးယားလွှတ်တော် ရွေးကောက်ပွဲကို ရွေ့ဆိုင်းခဲ့ရပြီး ယခုရက်သတ္တပတ်က ပြန်လည်ကျင်းပရာ မဲပေးသူ ၉၉.၉၈ ရာနှုန်းဖြင့် ကြိုတင်ရွေးချယ်သတ်မှတ်ထားသော လွှတ်တော်ကိုယ်စားလှယ်များကို အတိုက်အခံမရှိဘဲ ရွေးချယ်နိုင်ခဲ့ကြသည်။ ခေါင်းဆောင်ကြီးက ရာခိုင်နှုန်း ၁၀၀ ဖြင့် အပြတ်အသတ် ခေါင်းဆောင်အဖြစ် ပြန်လည် တင်မြှောက်ခဲ့ကြသည်ဟု ဆိုသည်။ ၁၉၉၄ ခုနှစ်ကတည်းက ဖခင် အာဏာရှင်ကြီး ကွယ်လွန်ပြီးနောက် သားအာဏာရှင်ကို နိုင်ငံတော်က တခဲနက် ခေါင်းဆောင်တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် အာရှတွင် လူ့အခွင့်အရေး အဆိုးဝါးဆုံး၊ အဆင်းရဲဆုံး နှင့် လွတ်လပ်မှုမရှိဆုံး တပါတီအာဏာရှင်နိုင်ငံတခုအဖြစ် ထင်ရှားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts