>the pride of freedom by Tin Moe

>

လွတ်လပ်ရေးဂုဏ်
တင်မိုး

မတ် ၆၊ ၂၀၀၉
(သရုပ်ဖော် ပန်းချီ မျိုးမြင့်)


(၁၉၈၆-ခု ဇန်န၀ါရီလထုတ် ရုပ်ရှင်အောင်လံမဂ္ဂဇင်းမှ ပိတ်ပင်ခံခဲ့ရသော ကဗျာ ဖြစ်သည်။)

ဆယ့်လေးငါးနှစ်၊ ရွယ်နုမျစ်က
ငါချစ်သောရွာ၊ ကန်ဦးမှာလျှင်
အောင်ပါစေညွှန်း၊ သပြေပန်းနှင့်
တန်းစီ လူထု၊ အလေးပြုလျက်
ရုံးစုလက်တွဲ၊ တို့ဆင်နွှဲသည်
လွတ်လပ်ရေးပွဲ ခါတော်ဦး။

ယခုခါတွင် အောင်လံတင်၍
ကောင်းကင်မိုးဖျား၊ လေကစားက
တို့များငယ်ခါ၊ လွတ်လပ်ခါကို
ဝမ်းသာပီတိ အောက်မေ့မိခဲ့။

တို့များသားမြေး ခေတ် ကလေးတို့
အတွေးအာရုံ စိတ်ကြေးမုံ၌
လွတ်လပ်ရေးဂုဏ် ဘယ်သို့ထုံ၍
ဘယ်ပုံခံစားကြပါလိမ့်။ ။