>Maldives to become haven for Burmese dissident writers

>

မြန်မာစာနယ်ဇင်းသမားများကို မော်လဒိုက်ကျွန်းနိုင်ငံက ခိုလှုံခွင့်ပေးတော့မည်
Minivan သတင်းဌာန
မတ် ၆၊ ၂၀၀၉

မော်လဒိုက်ကျွန်းနိုင်ငံ သမ္မတ Mohamed Nasheed က မြန်မာနိုင်ငံကဲ့သို့ သော နိုင်ငံများမှ အတိုက်အခံ သတင်းထောက်များကို ခိုလှုံနေထိုင်ခွင့် ပြုမည်ဟု ပြောကြားလိုက်သည်။

ကုလသမဂ္ဂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ယမန်နေ့က တွေ့ဆုံအပြီး ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

သမ္မတ Nasheed သည် ၂၀၀၈ အောက်တိုဘာလတွင် စတင် အာဏာရလာခြင်းဖြစ်သည်။ ၁၉၉၁ က မစ္စတာ Nasheed သည် Sangu မဂ္ဂဇင်းတွင် ပါရှိသော ၎င်း၏ နိုင်ငံရေးဆိုင်ရာ အရေးအသားများကြောင့် ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသည်။

ပြီးခဲ့သည့်လက မစ္စတာ Nasheed သည် ၁၄ နှစ်ကြာ ထိန်းသိမ်းခံထားရသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားသော နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်ပြီး မြန်မာစစ်အာဏာပိုင်တို့ကို ပြစ်တင် ရှုတ်ချခဲ့သည်။

အနှစ် ၃၀ ကြာအာဏာရှင် အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် လွန်စွာ အထင်ကြီး အားကျဖွယ်ဖြစ်သည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts