>
ဖေဖော်ဝါရီ ၂၇ အားကစားသတင်းများ
ဝင်းလက်
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉
တိုက်ဂါးဝုဒ် ပြန်လာပြီ
သန်းကြွှယ်သူဌေး ဂေါက်သီးချန်ပီယံဟောင်း တိုက်ဂါးဝုဒ်သည် ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူနေရာမှ နာလန်ထလာပြီး ဂေါက်သီးလောကသို့  တကျော့ပြန်လည် ဝင်ရောက်လာပါပြီဖြစ်သည်။
ပြိုင်ဘက်ဟောင်း ၂သင်း ပြန်လည် တွေဆုံ
ချန်ပီယံလိဂ် ပထမအကျော့ အင်္ဂါနေ့ ည ရှုံးထွက်ပွဲတွင် အင်တာမီလန် အသင်းသည် မန်ချက်စတာ ယူနိုက်တက် အသင်းအား ဆန်စီရို အိမ်ကွင်းတွင် အနိုင်ယူ မကစားနိုင်ဘဲ သရေပွဲဖြင့် ကျေနပ်လိုက်ရသည်။
ဤရလဒ်ကို နှစ်ဘက်နည်းပြများက မျှတသည်ဟု ထင်မြင်ချက် ပေးသွားပါသည်။ ထို့အပြင် ဤပွဲသည် သူတို့ နှစ်ဦး၏ ချန်ပီယံလိဂ် ပွဲစဉ်တလျှောက်တွင် ပွဲ (၂၀)မြောက် ရှုံးပွဲမရှိ စံချိန်ကို တင်နိုင်ခဲ့ကြသည်။
လီဗာပူးကိုမုန်းတဲ့ ရော်ဘင်
ချယ်လ်ဆီး အသင်း၏ တိုက်စစ်ကစားသမားဟောင်း အာဂျန်ရော်ဘင် (Arjen Robben) သည် အင်္ဂလန်ကလပ် အသင်းကြီး လီဗာပူးအား မုန်းတီးနေကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။ယခုသူသည် စပိန် ရီးရဲမယ်ဒရစ် အသင်းတွင် ကစားနေပြီး လီဗာပူးနှင့် ရှုံးထွက် ပွဲစဉ်တွင် တွေ့ဆုံ၍ အနိုင်ကစားမည်ဟု ကြုံးဝါး ပြောဆိုသွားခဲ့သည်။
ဒိုင်လူကြီးကို အပြစ်တင် လိုက်တဲ့ မော်ရင်ညို
မန်ချက်စတာအသင်းနှင့် ကန်သည့်ပွဲအပြီးတွင် အင်တာမီလန်အသင်း နည်းပြ မော်ရင်ညိုက ဒိုင်လူကြီးကို အပြစ်တင် ဝေဖန်လိုက်သည်။
‘ကျနော်တို့ ပင်နယ်တီ ရမယ့် ကိစ္စကိုတော့ အားလုံးမြင်ကြတဲ့အတိုင်း အသေးစိတ် မပြောတော့ပါဘူး။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ အမှားတွေနဲ့ ပြည့်နေပါတယ်။ ပြစ်ဒဏ်ဘောတွေ သူတို့ ဘယ်လောက်ရသလဲ၊ ကျနော်တို့ ဘယ်လောက်ရသလဲ ကြည့်ပါဦး။ ကျနော်တို့ အ၀ါကဒ်တွေ အပြခံရပြီး သူတို့ အပြမခံရဘူး။
ဒီပွဲမှာ အနိုင်မရတာကိုတော့ စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ဒုတိယအကျော့ မန်ချက်စတာ ယူနိုက်တက်မှာ ကျနော်တို့ စံချိန်အတိုင်းဆိုရင်တော့ အနိုင်ယူဖို့ အခွင့်ကောင်းတွေလည်း ရှိပါတယ်’ ဟု ပြောဆိုသွားပါသည်။
ရီးရဲမက်ဒရစ်အသင်း ဘက်သို့ အနိုင်ဂိုး ကို ခေါင်းတိုက် သွင်းတဲ့ ဘီနာယောင်
လီဗာပူး ကွင်းလယ် ကစားသမား ရိုစီဘီနာယောင် (Yossi Benayoun) သည် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲပြီးရန် ၈ မိနစ်အလိုတွင် ရီးရဲမက်ဒရစ်၏ ဂိုးပေါက်ထဲသို့ သွင်းယူလိုက်သောကြောင့် ရီးရဲပရိသတ်များ စိတ်ပျက်သွားကြသည်။
ဖေဖေါ်ဝါရီ ၂၄၊ ၂၅ အင်္ဂါ၊ ဗုဒ္စဟူး ညများတွင် ကျင်းပခဲ့သော UEFA Champions League ဘောလုံးပွဲ အဖြေရလဒ်များ အောက်ပါအတိုင်းဖြစ်ပါသည်။
ဗီလာရီးရဲ 1-1 ပါနာသီနာကော့
အက်သလက်တီကိုမက်ဒရစ် 2-2 ပေါ်တို
အာဆင်နယ်1-0 ရိုးမား
ချယ်လ်ဆီး 1-0 ဂျူဗီဒက်
စပို့ တင်လစ်စဘွန်း 0-5 ဘိုင်ယန်မြူးနစ်
ရီးရဲမက်ဒရစ်0-1 လီဗာပူး
လိုင်ယွန်1-1 ဘာစီလိုနာ
အင်တာမီလန်0-0 မန်ချက်စတာယူနိုက်တက်
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ