>Zay Hmine – For Dear Daughter

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

သမီးအတွက် ဖတ်စာ

ဇေမှိုင်း

ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉

သမီးရေ

ဟောဒီ တောင်ကုန်းပြောင်ပြောင်ကြီး တွေက

အရင်က လွမ်းမောဖွယ် ပေါ့ကွယ်

ခုတော့ သမီးလိုချင်တဲ့

ပန်းမာလ်တွေ

မရှိတော့ …



သမီးရေ

ကုန်းခေါင်ခေါင်

ရေနစ်တဲ့ သူလည်းအများကြီး

ခင်မင်တွယ်တာတယ်ဆိုတာ

အကောင်းဆုံး

ဆေးဘက်ပဲ …



အမုန်းတွေနဲ့

ပြည့်နှက်နေတဲ့

ကမ္ဘာ …

ပျော်ရွှင်စရာမလိုဘူး

ရုန်းကန်ရမှာ

ချစ်ခင်ကြသော

ကမ္ဘာအဖြစ်

ရုန်းကန်ရမှာ …



သမီးလေး

အစ်ကို နဲ့

ညီမလေးကိုပါ

ချစ်ခင်တတ်အောင် သင်ပါ

အရိုင်းတွေ အောက်မှာ

မြွေဆိုး ပေါတော့

ရိုင်း မဆုံး ဖြစ်မှာ …



သမီးရေ

တောင်တန်းတွေဆီသွားပါ

အပွင့်ပြာပြာ ပန်းများတွေ့ ခဲ့ရင်

မခူးနဲ့

နမ်းရုံ နမ်းခဲ့ပါ …။



(သမီးသို့)

ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉

ပုံ အညွှန်း – http://www.flickr.com/photos/stiryourworld/521112319/in/set-72157600000348214/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts