>ORaTha – Home of Music

>

ဂီတအိမ်တက်ပွဲ

သြရသ

ဖေဖော်ဝါရီ ၂၅၊ ၂၀၀၉

သူတို့ဟာ မပီတဲ့ ကာရန်တွေ၊

မမြည်တဲ့ ဂီတတွေ၊

မညီတဲ့ စုတ်ချက်တွေပါ။

အချို့ဟာ ရန်ကုန်မှာ ဖူးပွင့်သူတွေ၊

အချိုဟာ ရန်ကုန်ကုန်ကိုလွှင့်ကျလာသူတွေ၊

အချို့ဟာ ရန်ကုန်ကို ပျံသန်းလာသူတွေ၊

အချို့ဟာ ရန်ကုန်ကိုမျောပါလာသူတွေ၊

အချို့ဟာရန်ကုန် မှာတင်ကျန်ရစ်သူတွေ၊

အချို့ဟာရန်ကုန်မှာချန်ရစ်သူတွေ

အချို့ ဟာ ရန်ကုန်မှာခိုလှုံသူတွေ၊

အချိဲု့ဟာ ရန်ကုန်မှာခုန်ချနေသူတွေ ။

အချို့ဟာ ရန်ကုန်မှာ အသိုက်ဖွဲ့နေကြ၊

အချို့ဟာ ပလက်ဖေါင်းကို ခေါင်းအုန်းနေကြ၊

အချို့ဟာ ပေတရာလမ်းမှာ ဖေါင်ဖွဲ့နေကြ၊

အချိှု့ ဟာနံရံဟောင်းတွေရဲ့ရင်မှာ ခိုလှုံနေကြ

သူတို့ ဘယ်ကလာလာ၊

ဘယ်မှာမှာနေနေ၊

ဘယ်လိုနေနေ၊

သူတို့ဟာ သီချင်းအိမ်ကလေးတွေအတူဆောက်ကြ

သူတို့ဟာ ကဗျာအိပ်မက်တွေ အတူမက်ကြ

သူတို့ဟာ အတွေးလှလှတွေ အတူတီးခတ်ကြ

သူတို့ဟာ ဆေးရောင်ပြင်းပြင်းတွေနဲ့

ကခုန်ကြ။

သူတို့ဟာတိမ်တွေနဲအတူပြေးရင်း

ပက်ကြား အက်မြေမှာ လူးလိမ့်နေကြရ။

သူတို့ဟာ လိပ်စာမရှိတဲ့အိမ်မှာ

အိမ်တက်ပွဲတွေ လုပ်ကြရ။

သူတို့ဟာ ရက်စွဲမသိတဲ့ မွေးနေ့ကို

ခဏ ခဏ ကျင်းပ နေကြရ။

သူတို့ဟာ မတူတဲ့သံစဉ်တွေကို

သံပြိုင် ဆိုနေကြရ။

သူတို့ဟာ မျက်ရည်သုတ်ရင်း

ရယ်နေကြရ။

သူတို့ဟာ လေထဲက အိမ်သစ်တွေကို

အကြိမ်ကြိမ် ပြန်ဆောက်နေရ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts