>100 knowledges from burmese movies

>

မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ ၁၀၀
အမည်မသိစာဆို
ဖေဖော်ဝါရီ ၂၄၊ ၂၀၀၉

[မှတ်ချက် – အင်တာနက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော ဟာသများ ဖြစ်သည်။]


၁။ မြန်မာလူမျိုးများသည် အတိတ်ကို ခဏခဏ ပြန်သတိရလေ့ရှိသူများ ဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။

၂။ သီချင်း နားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများ ဖြစ်ကြသည်။

၃။ စားသောက်ဆိုင်တွင် စကားစမြည် ပြောမည်ဆိုပါက .. အစာ လုံးဝ မစားရ။
(သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ )

၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေးများ အများအပြား ရှိသည်။

၅။ ထိုယောက်ျားလေးများ အားလုံးသည် ကားပြင်တတ်သူများသာ ဖြစ်ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts