>Min Thu Wun 100th birthday by the family

>

မင်းသုဝဏ် နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲကျင်းပ
တာရာဝေယံ
ဖေဖော်ဝါရီ ၁၁၊ ၂၀၀၉


ရာပြည့်ပွဲမြင်ကွင်း


အမျိုးသားစာဆို ဆရာကြီး မင်းသုဝဏ်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ဦးထွန်းလင်းခြံလမ်းရှိ သပြေညိုနေအိမ်တွင် ပြုလုပ်ခဲ့သည်။ မွေးနေ့ရာပြည့်ပွဲကို ဆရာကြီး၏ မိသားစုက စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဆရာကြီး မကွယ်လွန်မီက မွေးနေ့ရောက်တိုင်း စာပေ အနုပညာနယ်မှ တပည့်တပန်းများ မိတ်ဆွေများကို ဖိတ်ခေါ်ပြီး ထမနဲဖြည့် ဧည့်ခံလေ့ရှိသည်။ ၁၅-၈-၂၀၀၄ ရက်နေ့က အသက် ၉၆ နှစ် အရွယ်တွင် ဆရာကြီး ကွယ်လွန်ခဲ့သော်လည်း ဆရာကြီး၏ နှစ် ၁၀၀ပြည့် မွေးနေ့ပွဲမှာ အထူး စည်ကား သိုက်မြိုက်လှသည်။



ဆရာကြီး၏ ရှားပါး ဓာတ်ပုံများ၊ လက်ရေးမူများ၊ ဘွဲ့တံဆိပ်လက်မှတ်များ၊ ဆရာကြီး ရေးသားပြုစုခဲ့သည့် စာအုပ်များ၊ ဆရာကြီင်္းအကြောင်း ရေးသားထားသည့် စာအုပ်များကို ပြသထားသည်။

စာဆိုမင်းသုဝဏ်ရာပြည့် အမှတ်တရ စာအုပ်အဖုံး နှင့် အတွင်းဖုံး

ဆရာကြီးကို လေးစားကြည်ညို ချစ်ခင်ပြီး ကြွရောက်လာကြသည့် ဧည့်ပရိသတ်များအတွက် ဆရာကြီးကွယ်လွန်ခြင်း တနှစ်ပြည့် အမှတ်တရ လက်ကမ်းစာစောင်၊ ရာပြည့်အမှတ်တရ လက်ကမ်းစာစောင်၊ ပညာပန်းခြံ မူပိုင် (ကန့်သတ်) ဝေငှတဲ့ စာဆိုမင်းသုဝဏ်ရာပြည့် အမှတ်တရ စာအုပ် တို့ကို စာပေဒါနပြုခဲ့သည်။


မှတ်တရ လက်ကမ်းစာစောင်များ

စာပေတွင် မွေ့လျော်သော ဆရာကြီးမင်းသုဝဏ်သည် သမိုင်းကပေးအပ်လာသည့် တိုင်းပြည်၏အကျိုးအတွက် အလေးအနက်ဆောင်ရွက်ခဲ့မှုများကို ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲကာလများတွင် အထင်အရှား တွေ့ရသည်။ လွတ်လပ်မှုကို မြတ်နိုးပြီး တိုင်းပြည် ငြိမ်းချမ်းသာယာရေးကို အမြဲထာဝရ လိုလားသည့် အမျိုးသားစာဆိုကြီး ဆရာမင်းသုဝဏ်အား နောင် အနှစ် ထောင်သောင်းချီသည်အထိ တိုင်းပြည်က မေ့နိုင်ကြမည်မဟုတ် ဟူသည့်အချက်မှာ ထင်ရှားလှပါသည်။


Min Thu Wun 100th birthday
စာဆိုမင်းသုဝဏ်ရာပြည့် အမှတ်တရ စာအုပ် ဖတ်ရှုလိုပါက အထက်ပါ picasa ဓာတ်ပုံများကို နှိပ်ပါ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts