>Maung Yin Aung – Art is not for sale

>

“အနုပညာကို ရောင်းမစားနဲ့ …”

ဦးသုခ ဆုံးမစကားကို ပြောကြားသူ မောင်ယဉ်အောင်

မိုင်အကယ်ဒမီစိန်

ဖေဖော်ဝါရီ ၁၁၊ ၂၀၀၉

အကယ်ဒမီပွဲမှာ ဦးသုခ အမှာစကားကို ပြောခဲ့သူမှာ ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာမောင်ယဉ်အောင်ဖြစ်ပါသည်။ သတင်းကို မြန်မာ့ရုပ်မြင်သံကြားတွင် တခါသာ ကြည့်လိုက်ရပြီး သတင်းစာထဲတွင်လည်း မပါ၊ ဂျာနာများတွင်လည်း ထည့်သွင်း ရေးသားခြင်းမရှိသည့်အတွက် ပြန်လည် ချိန်ကိုက်ခွင့် မရခဲ့သည့်အတွက် ဇာတ်ကားထုတ်လုပ်သူဟု မှားယွင်း ဖော်ပြခဲ့မိခြင်းအပေါ် တောင်းပန်အပ်ပါသည်။

ဆရာကြီး ဦးသုခ ဆုံးမချက်အပြည့်အစုံကို ဒါရိုက်တာမောင်ယဉ်အောင်၏ ပြန်လည်ပြောဆိုမှု အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

”အနုပညာသမားကောင်းတယောက်ဟာ ကိုယ့်အနုပညာကို ငွေတစ်မျက်နှာပဲ ကြည့်ပြီး ဟင်းရွက်ကန်စွန်းရွက်လို ရောင်းမစားရဘူး။ အနုပညာကို သစ္စာမဲ့တာဟာ ကိုယ့်အမျိုးသားယဉ်ကျေးမူရဲ့ဂုဏ်သိက္ခာကို နင်းချေပစ်တာနဲ့ အတူတူပဲ။ အနုပညာ သာမှ လူမျိုး သာ မယ်။ အနုပညာ ချာရင် လူမျိုး ချာ တယ်။ အနုပညာနဲ့ပတ်သက်သူတိုင်းဟာ ခေတ်ကို ဦးဆောင်နိုင်သူ ဖြစ်ပါစေ။ ခေတ်ကို ဖျက်ဆီးတဲ့သူ မဖြစ်ပါစေနဲ့။ အနုပညာမျက်လုံးနဲ့ ကမ္ဘာကို လှမ်းမျှော်ကြည့်ပါ။ မင်းဟာ မြန်မာဆိုတာကိုလည်း မင်းကိုယ် မင်း မမေ့ပါနဲ့။ မင်းရဲ့ အနုပညာဟာ မင်းမရှိတဲ့နောက် အမှိုက် တစ မြေကြီးဝမ်းစာအဖြစ် မချန်ခဲ့ပါနဲ့။ သမိုင်း အဖြစ် ချန်ခဲ့ပါ။ ဒါဆိုရင် ငါပြောတဲ့စကားအရ အနုပညာသမားကောင်းတယောက်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်လောက် တာဝန်ကြီးတယ် ဆိုတာ မင်းနားလည်မှာပါ”

လို့ဆရာကြီးက ဆုံးမ ညွှန်ကြားခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts