>90th birthday of Thakhin Thein Maung

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>


အသက် ၉၀ ပြည့် သခင်သိန်းမောင် မွေးနေ့
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၃၊ ၂၀၀၉
သခင်သိန်းမောင်ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ့ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

သခင်သိန်းမောင်ဟာ လက်ရှိ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတွေမှာ တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်းတွေကို အမြဲ ရပ်ခံ ပြောကြားပေးနေတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေထဲမှာ တဦးအပါအ၀င် ဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှာ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ကြတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ စုံစုံ ညီညီ တက်ရောက်ခဲ့ပါတယ်။ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ မျိုးဆက်အသီးသီးကိုလည်း တွေ့ရတဲ့ အခမ်းအနား ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ တိုင်းပြည်အတွက် စိတ်ကောင်းစေတနာနဲ့ ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံ ဆောင်ရွက်ခဲ့ကြသူတွေကို နိုင်ငံပိုင် နဲ့ ပုဂ္ဂလိက မီဒီယာတွေကနေ ဖော်ပြ ရေးသားခွင့် မရှိတဲ့အတွက် ပြည်သူလူထုက ရင်းနှီးထိတွေ့ခွင့် မရကြပါဘူး။

ဒါပေမယ့် သခင်သိန်းမောင်ရဲ့ မွေးနေ့ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာ တွေ့ရပါတယ်။ သခင်သိန်းမောင်တို့လို တိုင်းပြည်ချစ်သူတွေကို ပြည်သူတွေက အမြဲ ထာဝရ ချစ်နေကြတယ်ဆိုတာကို မွေးနေ့ နံနက်ခင်းက သက်သေ ပြခဲ့ပါတယ်။





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts