>Thee Lay Thee in SF a success

>




သီးလေးသီးနှင့် ဆေးရောင်စုံ ဆန်ဖရန်မှာ အောင်ပွဲဆက်

မိုးမခ ဓာတ်ပုံသတင်း

ဖေဖော်ဝါရီ ၂၊ ၂၀၀၉

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် သီးလေးသီး ဆေးရောင်စုံအငြိမ့်၏ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် ပထမဆုံးဖြေဖျော်ပွဲအဖြစ် ယမန်နေ့ဖေဖေါ်ဝါရီလ ၁ရက်နေ့က ဆန်ဖရန်စစ္စကို ပင်လယ်အော် အရှေ့ဖက်ခြမ်းရှိ Chabot College ခန်းမတွင် ကျင်းပခဲ့ရာ ဘေးဧရိယာက ပရိသတ်များတင်သာမက လော့စ်အိန်ဂျယ်လိစ် ၊ ဆန်တာရိုစာ စသည်တို့ဘက်မှ လာရောက်အားပေး ခဲ့ကြကြောင်းသိရသည်။ ပွဲစဉ်တွင် ပရိသတ် ၇၀၀ ကျော်ရှိမည်ဟု ခန့်မှန်းသည်။





သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့သားများမှလည်း ယနေ့ခေတ် မြန်မာနိုင်ငံ အခြေအနေကို ထင်ဟပ်သည့် ပြက်လုံးများ၊ သရော်ချက်များ အပြင် လူရွှင်တော် ပန်းသီးမှ ယမန်နေ့က ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိသွားသည့် ကုလသံတမန် ဂမ်ဘာရီကို ရည်ရွယ်စပ်ဆိုထားသည့် တေးသီချင်းဖြင့် ပါဖြေဖျော်ခဲ့ပြီး ပရိတ်သတ်က တခဲနက် အားပေးခဲ့ကြသည်ကို တွေ့ရှိရသည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts