>the victim get 5 weeks imprisonment

>

အကြမ်းဖက်ခံရသူ ထောင်ကျ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၉၊ ၂၀၀၉လူ ၄ ဦး၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လက်ကျိုးသွားသော ဒေါ်ခင်သိန်း။

ပြီးခဲ့သည့် သောကြာနေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးက ဒေါ်ခင်သိန်းကို ထောင်ဒဏ် ၁ လ နှင့် ၇ ရက် ချမှတ်လိုက်သည်။ ၎င်းအား ၀ိုင်းဝန်း ရိုက်နှက်သူ ၄ ဦးအနက် ၃ ဦးကို အမှုမှ အပြီးအပြတ် လွတ်ပေးလိုက်သည်။ ရိုက်နှက်ရာတွင် ပါဝင်သူ မဘုတ်ဆုံ ဆိုသူကို ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် နေထိုင်သော လယ်သူမကြီး ဒေါ်ခင်သိန်း၏ သမီး မစန်းစန်းသွင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ အဖွဲ့ဝင် တဦး ဖြစ်သည်။ ထို့ကြောင့် ဒေါ်ခင်သိန်းသည် လက်ကျိုးသည်အထိ ရိုက်နှက်ခံရသူ ဖြစ်သော်လည်း ထောင်ကျခဲ့ခြင်းဖြစ်ကြောင်း ယူဆနေကြသည်။ ရိုက်နှက်မှုကြောင့် မျက်မှန်နှင့် နားကပ်လည်း ပျက်စီးသွားသည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts