>A Burmese Chin Boy lost in Dallas Hospital

>

အမေရိကန်ပြည်၊ တက်ဆက်နယ်၊ ဒါးလတ်စ်မြို့ ချင်းလူငယ်တဦး ဆေးရုံမှာ သောင်တင်နေ

မိုးမခ

ဇန်န၀ါရီ ၁၂၊ ၂၀၀၉

လွန်ခဲ့တဲ့ ရက် ၂၀ ကတည်းက ပိုက်ဆံအိပ် အလုခံရပြီးနောက် ဆေးရုံသို့ရောက်သွားခဲ့တဲ့ ကျော်စွာအောင် အမည်ရှိ ချင်းလူငယ်တဦး မိမိသားချင်းများရှိရာ အတ္တလန်တာမြို့ကို ပြန်ဖို့ အခက်အခဲတွေ့နေတယ် လို့ သိရပါတယ်။ သားချင်းတွေအမည်က ပါမင်း၊ လုံလုံနဲ့ မလျားမောင်တို့ လို့ ဆိုပါတယ်။ အတ္တလန်တာက ဘက်ပစ် ခရစ်ယာန် အသိုင်းအ၀ိုင်းကတဆင့် စုံစမ်းရင် ရတယ်လို့ ဆိုပါတယ်။

အခု သူ့ကို ဆေးရုံရဲ့ အရေးပေါ်လူနာစောင့်ခန်းမှာ စောင့်ဆိုင်းခိုင်းထားတယ်လို့ ဆိုပါတယ်။ သူကို စောင့်ရှောက်ပေးနေတာက လူမှုဝန်ထမ်းလုပ်သားတဦး ဖြစ်ပါတယ်။ အခုည ၁၁ နာရီ အထိတော့ သူ့ကို ခေါ်ထားလို့ရပါတယ်တဲ့။

ဆန်ဖရန်စစ္စကိုနဲ့ အယ်လ်အေက မြန်မာမိသားစုတွေကို လှမ်းအကူအညီတောင်းထားပါတယ်။ တခုက လောလောဆယ် ဒါးလတ်စ်မှာ နားခိုစရာ ပေးနိုင်ဖို့ပါ။ နောက်တခုက သူ့သားချင်းများရှိရာ အတ္တလန်တာမြို့ကို သေသေချာချာ ပို့ပေးနိုင်ဖို့ပါ။ စာဖတ်သူများကလည်း စုံစမ်းပေးလို့ရရင် စုံစမ်းပေးကြပါ။ မိုးမခကို ဆက်ချင်ရင်တော့ – ၄၁၅ – ၅၄၀- ၇၄၅၀ ကို ဆက်ပြီး မေးနိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts