>U Saw Mya Aung passes away

>

ဦးစောမြအောင် ကွယ်လွန်
ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၅၊ ၂၀၀၉၁၉၉၆-၉၈ ခုနှစ်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသော ဦးစောမြအောင် (photo: NLD)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဦးစောမြအောင်သည် ယနေ့ည ၇း၃၀ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ဘီဘီစီ မြန်မာဌာနက အသံလွှင့်ကြေညာသွားသည်။ အသက် ၉၃ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးစောမြအောင်သည် ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံ၊ သီလရှင်များဆေးရုံတို့တွင် စေတနာ့ဝန်ထမ်း သမားတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူလူထုက ဦးစောမြအောင်ကို ၎င်းတို့မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
၁၉၉၈ တွင် အတိုက်အခံ နိုင်ငံရေးအဖွဲ့များ ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီက ဦးစောမြအောင်ကို လွှတ်တော်ဥက္ကဌ အဖြစ် တာဝန်ပေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts