>Burmese Senior Politicians marked 61st Anniversary of Burmese Independence

>

From 4th Jan 2009 – Senior Politican marked 61st Anniversary Burma Independence Day

ဝါရင့်နိုင်ငံရေးသမားကြီးများ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပ၊
သဘောထားကြေညာချက် ထုတ်ပြန်

မိုးမခ၊ ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၄၊ ၂၀၀၉

၂၀၀၉ ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံက အထိမ်းအမှတ်များ ကျင်းပကြပြီး လက်ရှိမြန်မာပြည် နိုင်ငံရေးနှင့် အထွေထွေ အကြပ်အတည်းအပေါ်မှာ သဘောထားများ ထုတ်ပြန်ခဲ့ကြပါတယ်။
၉၀ ရွေးကောက်ပွဲအနိုင်ရ၊ လက်ရှိ အတိုက်အခံပါတီကြီးအဖြစ် ရပ်တည်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်ပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို ဖျက်သိမ်းခံ ပါတီများနဲ့ ခေါင်းဆောင်များက ပူးတွဲ လက်မှတ်ထိုးထားတာကို တွေ့ရှိရပါတယ်။

အလားတူပဲ မြန်မာနိုင်ငံရေး အင်အားစုတခုဖြစ်တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း လွတ်လပ်ရေးနေ့ အခမ်းအနားကို သခင်သိန်းဖေရဲ့ နေအိမ်မှာ ၄ ရက်နေ့ နံနက်ခင်းက ကျင်းပခဲ့ကြပါတယ်။

သဘာပတိ သခင်သိန်းဖေ၊ သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ အခမ်းအနားမှုး ဦးမင်းလွင်တို့နှင့်အတူ ထင်ရှားတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများဖြစ်တဲ့ ဦးအုန်းမောင်၊ ဦးထွေးမြင့်နှင့်တကွ ဧည့်ပရိသတ် ၃၀၀ခန့်တက်ရောက်ခဲ့ပါတယ်။ စာနယ်ဇင်းပညာရှင်ကြီးများ၊ အတိုက်အခံပါတီဝင်များကလည်း တက်ရောက်ကြတာကို တွေ့ရပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးများက သဘောထား ထုတ်ပြန်ခဲ့ရာမှာ – မြန်မာပြည် ပြည်တွင်းစစ်မီး ဆက်လက် တောက်လောင်နေမှုများကို ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတို့ဖြင့် ဖြေရှင်းရန် ၎င်းတို့ ကြိုးစားခဲ့ပုံများကို သာဓကပြုရင်း ယခုမြန်မာပြည် နိုင်ငံရေးနှင့် အထွေထွေ အကြပ်အတည်းက လွတ်မြောက်ရန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းကြောင်းဖြင့် ဆောင်ရွက်ကြရန်၊ ဘာသာရေး အဆုံးအမ အသီးသီးနှင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်စေရန် တိုက်တွန်းထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

စစ်အာဏာရှင်များရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ် စစ်တပ်အလိုတော်ရိ အကြမ်းဖက်သမားများက ရန်ကုန်တမြို့လုံးကို လှည့်လည်ပြီး အင်အားပြီး အတိုက်အခံတို့ရဲ့ လွတ်လပ်ရေးနေ့ လှုပ်ရှားမှုတွေကို ခြိမ်းခြောက်ခဲ့ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts