>U Nu’s poem in 1972

>

ဒီနှစ်အတွင်း – ငါတို့နိုင်မည်
မောင်နု
ဇန်န၀ါရီ ၃၊ ၂၀၀၈


ပလ္လင်ပေါ် ခွေးတက်လို့
ပြေးရက်ကနီးလာ၊
လက်နက်နဲ့ခြိမ်းခြောက်ကာ၊
ဟိန်းဟောက်တာ ဆယ်နှစ်၊
ခွေးကိုမှ ဆရာတင်၊
ရာဇ၀င်ရိုင်းတဲ့တခေတ်၊
ပြည်သူရဲ့အာဏာ၊ ပြည်သူသာအစစ်၊
ပိုင်ဆိုင်တာအမှန်ဖြစ်ပေမဲ့၊ စနစ်ကဗြောင်းပြန်၊
စစ်ဗိုလ်တွေပြုသမျှ၊ နုရတဲ့ဘ၀အမှန်၊
(ခ)သုံးလုံးပုံသဏ္ဌာန်၊ ငုံ့ခံလျှင်ပိုလို့ဆိုးမှာမို့၊
ဦးမကျိုး လက်နက်ကိုင်၊ သူတို့နဲ့ပြိုင်၊
ဒီနှစ်အတွင်း ငါတို့နိုင်မည်၊ စိတ်သံတိုင်ထူစိုက်စို့လေး။

[ မူရင်း – တော်လှန်ရေးသတင်းစဉ် အတွဲ ၁၊ အမှတ်စဉ် ၄၊ ၁၉၇၂ ဇူလိုင်လ ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts