>Kyi Maung Than interview

>

မိစ္ဆာဝိုင်ကို သောက်ကြည့်ခြင်း (သို့မဟုတ်) ကဗျာဆရာကြည်မောင်သန်းနှင့်တွေ့ဆုံခြင်း အောင်ဘညို ဒီဇင်ဘာ ၁၄၊ ၂၀၀၈

‘ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာတွေ သေဖို့သာပြင်’
အေးရာအေးကြောင်းကဗျာ (၁၉၈၈) မှ

ကဗျာဆိုတာ ပဟေဠိဝှက်တမ်းကစားနေတာမဟုတ်ပါဘူး၊ ဆုံးမစာလိုလို နိတိလိုလို ပညာပေးနေတာလည်း မဟုတ်ပါဘူး၊ စတုရန်းတွေ၊ တြိဂံတွေထဲအပေါစား စာသားထည့်ပြီး ကလေးတွေ တီဗီဂိမ်း ဆော့သလို ဆော့ရတဲ့အရာလည်း မဟုတ်ပါဘူး။ စကားလုံးတွေ လော်မာပြီး အဓိပ္ပာယ်မဲ့ အဆက်စပ်မဲ့ ထင်ရာမြင်ရာ ရေးနေတဲ့ စကားလုံးစွပ်ပြုတ်မဟုတ်ဘူး။

ကျနော်တို့ လူငယ်တွေဟာ ကုန်းဘောင်ခေတ်က ဦးပုည၊ အချုပ်တန်းဆရာဖေတို့ရဲ့ တေးထပ်တွေကိုလည်း တန်ဖိုး အနဂ္ဂထားပေရဲ့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးတွေဟာလည်း နှလုံးသားထဲ ခေတ်အဆက်ဆက် ခုန်ကြွနေပေလိမ့်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တိုရဲ့ ခေတ်စမ်းကဗျာများဟာလည်း ရာစုအဆက်ဆက် ၀င်းပြက်နေပေလိမ့်၊ စာပေသစ်မုခ်ဦးက ဆရာဒဂုန်တာရာ၊ ကြည်အေးတို့ ကဗျာတွေကလည်း ကျနော်တို့သွေးသားထဲ မြစ်ကြီးတမြစ်လို တသွင်သွင် စီးဆင်းနေဆဲပါ။

အပြည့်အစုံသို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts