>The Naked Truth ( invitation letter )

>

ဒေါ်စန္ဒာခိုင်၏လက်ရာများ မြန်မာပြည်ပြင်ပတွင် ပြပွဲတင်မည်
မိုးမခအထောက်တော် ၃၊ ၂၀၀၈

ဒီဇင်ဘာ ၁၀၊ ၂၀၀၈

ပန်းချီဆရာမ ဒေါ်စန္ဒာခိုင်၏ တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုလအတွင်း ပြုလုပ်မည်ဟု သိရသည်။ အဆိုပါပန်းချီပြပွဲ ဖွင့်ပွဲအစီအစဉ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ (သောကြာနေ့) ညနေ ၆ နာရီမှ ၉ နာရီအထိ ပြုလုပ်သွားမည်ဟု ဆိုသည်။

မြန်မာပြည်သားပန်းချီဆရာတို့၏ ပန်းချီပြပွဲများကို ကမကထပြုလေ့ရှိသည့် သုဝဏ္ဏဘူမိပန်းချီပြခန်းနှင့် ယခုပွဲပြုလုပ်မည့် Loren knutson တို့ ပူးတွဲ စီစဉ်သည့်ပွဲဖြစ်သည်။

ပြပွဲတွင် Nude painting များ ပါဝင်မည်ဖြစ်ပြီး၊ ပြပွဲအမည်ကို The Naked Truth အမည်ပေးထားကြောင်း သိရသည်။

ပြပွဲလိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။

Loren Knutson’s House
21/1 Teawrit Rd
Chiang Puck, Chiang Mai


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts