>Maung Yin Naing’s poem – 01

>

ပေတံပိသော စာတလုံး
မောင်ယဉ်နိုင် (မုံရွာ)
ဒီဇင်ဘာ ၄၊ ၂၀၀၈


အဘိုး အဘေးတွေက

အိုးကလေး မြှုပ်ခဲ့သတဲ့
ဟုတ်ကဲ့
… အရှည်ကြံသမို့
အခြေခံ ဖွေရန်
မြေလှန်ကာ ဆွထိုး

ရွှေငွေအကျန် ရနိုးနဲ့
ရွပိုး ထသလို
… ။

လမ်းရိုး … လမ်းရိုး
ကျမ်းအမျိုးပေါင်း များစွာနဲ့
လမ်းဆိုးဟောင်း သွားလာယင်း
စားစရာ ထမင်းဟင်းမေ့
အချင်းချင်း တွေ့တော့
သတင်း လွေ့လွေ့ဆို … ။

အစစ်ကြည့်ဆဲ …
အသစ် မညှိရဲ့
အဖြစ်မရှိဘဲ ထ ခုန်
အလှစုံ မရှာတတ်လေသမျှ
စာဖတ်ရည် မ၀ တ၀နဲ့
ကဗျာငတ် သေရတော့မလို
အခြေမလှပ ပြိုလဲ

တချက်ချင်း … တချက်ချင်း
အသက်မျှင်းမျှင်း ရှူကြည့်
မဂ္ဂဇင်းအပူ မိတာပါ …
အရှက်သတင်း လူမသိသာမီ
သူ … မချိရှာပြီထင်
သတိမကွာ အစီစဉ်ဆွဲ
ရင်ခွဲကာ ရှာဖွေစေရင်း၊ အဆုံးမတော့
ကမ္ဘာမကြေ အပြုံးများနဲ့
စာပေနှလုံးသားက …
ကဗျာရှည်နှုန်းထားဖြင့်
ကြုံးဝါးနေဆဲ။ ။

[ မူရင်း – ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၆ ဇူလိုင် ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts