>images of Thailand

>



အပြောင်းအလဲများသည့် ထိုင်းနိုင်ငံမြင်ကွင်း
ဒီဇင်ဘာ ၂၊ ၂၀၀၈

အစိုးရအဖွဲ့ပြုတ်ကျသည့်သတင်းကြောင့် အောင်ပွဲခံ ပျော်ရွှင်နေသော ဆန္ဒပြသူများ။ သိမ်းပိုက်ထားသည့် လေဆိပ်မှ ဆုတ်ခွာပေးမည်ဟု ၎င်းတို့က ကြေညာလိုက်သည်။ (အပေါ်ပုံ)

ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့တော်တွင် တပ်မတော်သားတို့၏ သစ္စာခံ၊ အလေးပြုခြင်းကို ခံယူနေသော ထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလ်ယာ ဒေ့ခ်ျ (၈၁နှစ်)။
နှစ်စဉ် ဒီဇင်ဘာလဆန်းတွင် ပြုလုပ်မြဲဖြစ်သော စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သော ဘုရင်က မိန့်ခွန်းပြောရာတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိဟု www.chinapost.com.tw တွင် ရေးသားထားသည်။



ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်သည့် ထိုင်းဘုရင်သည် ထိုင်းနိုင်ငံ လူထု၊ စစ်တပ်၊ အစိုးရတို့၏ လေးစားချစ်ခင်ခြင်းကို ခံရသူဖြစ်သည်။

ဆန္ဒပြသူများ ဆုတ်ခွာသွားသည့် ၀န်ကြီးချုပ်ရုံးဝင်းအတွင်းမှ ပန်ကာများကို ရှင်းလင်းသိမ်းဆည်းနေသော ၀န်ထမ်းတဦး။ သုဝဏ္ဏဘူမိလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော လေဆိပ်လုံခြုံရေးဝန်ထမ်းများ။ (အပေါ်ပုံ) လေယာဉ်အတက်အဆင်းများပြားသည့် အဆိုပါ နိုင်ငံတကာလေဆိပ်ကို ရက်ပေါင်းအတန်ကြာ ပိတ်ဆို့ထားခြင်းကြောင့် လေယာဉ်ခရီးသည် ၃ သိန်းခန့် ခရီးစဉ် နှောင့်နှေးသွားရသည်ဟု အေပီသတင်းဌာက ဆိုသည်။ ထိုခရီးသည်များထဲတွင် မြန်မာပြည်မှ ဘုရားဖူးခရီးသည် ၅၀၀ ကျော်ပါကြောင်း၊ ဘန်ကောက်မြို့တွင် သောင်တင်နေကြောင်း၊ ရန်ကုန်တွင်လည်း ဘုရားဖူးခရီးသည် ၁၀၀၀ ခန့် စောင့်ဆိုင်းနေကြောင်း၊ အစ္စလာမ်ဘာသာဝင် ဘုရားဖူးခရီးသည်တဦးက ဗွီအိုအေအသံလွှင့်ဌာနသို့ ပြောပြခဲ့သည်။

သုဝဏ္ဏဘူမိလေဆိပ်တွင် ထိုင်းဘုရင်မွေးနေ့ (ဒီဇင်ဘာလ ၅ ရက်နေ့)မှစတင်ပြီး ခရီးသည်တင်လေယာဉ်များ အတက်အဆင်းပြုနိုင်မည်၊ ကုန်တင်လေယာဉ်များမှာ ဒီဇင်ဘာ ၃ ရက်နေ့မှစတင်ပြီး ပြေးဆွဲနိုင်မည်ဟု လေဆိပ်အရာရှိများကို ကိုးကားပြီး www.smh.com.au တွင် ဖော်ပြထားသည်။


ထိုင်းအစိုးရကို ထောက်ခံသူများကလည်း အနီရောင်အင်္ကျီများဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးရာတရားရုံးအတွင်းသို့ ၀င်ရောက်မည့် စစ်သားများကို တားဆီးနေသော အစိုးရထောက်ခံသူများ။


အစိုးရရုံးအတွင်းမှ ဆန္ဒပြသူများ ဆုတ်ခွာသွားပြီးနောက် ရှာဖွေမိန့် စောင့်ဆိုင်းနေသော ဗုံးရှင်းလင်းရေးဝန်ထမ်းများ။ ညကပွဲတခုတွင်တွေ့ရသည့် နိုင်ငံခြားသားခရီးသည်တဦးနှင့် ကိုယ်ခန္ဓာ
ပြုပြင်ခွဲစိတ်ထားသော ကချေသည်နှစ်ဦး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts