>Free PDF Book remembering Ludu Daw AMar published online

>

လူထုဒေါ်အမာ ၉၃ နှစ်ပြည့် မွေးနေ့ အမှတ်တရ ဂုဏ်ပြုစာ ကဗျာများ နှင်းဆီလွင်ပြင်စာပေအဖွဲ့က ပြည်ပတွင် အခမဲ့ အင်တာနက်စာအုပ်အဖြစ်ထုတ်ဝေ

မိုးမခ အထောက်တော် ၀၀၃

ဒီဇင်ဘာ ၁၊ ၂၀၀၈

ပြည်ပရောက် စာပေမိတ်ဆွေအဖွဲ့တခုဖြစ်တဲ့ နှင်းဆီလွင်ပြင်က ကွယ်လွန်သူ ဆရာမကြီး လူထုဒေါ်အမာ ၉၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတဲ့ စာ ကဗျာများ စုစည်းထုတ်ဝေလိုက်ပါတယ်။ အင်တာနက်ခေတ်ဖြစ်သည့် အားလျှော်စွာ ၎င်းစာအုပ်ကို အင်တာနက်စာအုပ်အဖြစ့် အီးမေးတွေကတဆင့် အခမဲ့ ဖြန့်ချိလိုက်ပါတယ်။

ပြည်ပရောက် နေရာဒေသအသီးသီးရှိ မြန်မာစာပေချစ်သူများက စာပေဟောပြောပွဲတွေ၊ ဆွမ်းကျွေးပွဲတွေနဲ့ လူထုဒေါ်အမာမွေးနေ့ကို အမှတ်တရပြုကြကြောင်းကိုလည်း သိရှိရပါတယ်။

ဆရာမကြီးဟာ လွန်ခဲ့တဲ့ ၂၀၀၈ ဧပြီလမှာ ကွယ်လွန်ခဲ့ပါတယ်။ မြန်မာပြည် ဧရာဝတီတိုင်းကို ဖျက်ဆီးချေမွပစ်လိုက်တဲ့ သေမင်းတမန် နာဂစ်မုန်တိုင်းကို ဆရာမကြီး မကြားသိလိုက်ခဲ့ရပါဘူး။ မျိုးချစ်စိတ်ဓာတ် အင်မတန်ထက်သန်ပြီး အမျိုးသားရေးအတွက် အင်မတန်စွန့်စားပြီး ရပ်တည်ဆောင်ရွက်တဲ့ ဆရာမကြီးသာ ရှိနေခဲ့မယ်ဆိုရင် ကလောင်ကို ထမ်းပြီး ဥဒါန်းမကြေတဲ့ သတင်းမှတ်တမ်းတခုကို ရေးသားထိုးထွင်းခဲ့မှာ ဖြစ်တယ်လို့ စာဖတ်သူတဦးက အမှတ်တရ စာရေးပြီး မိုးမခကို ပို့ခဲ့ပါတယ်။

နှင်းဆီလွင်ပြင်က ထုတ်ဝေတဲ့စာအုပ်ကို ဒီနေရာကနေ ရယူနိုင်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts