>Maung Swan Yi – 75th birthday of Tin Moe

>

တင်မိုးရဲ့လွယ်အိတ်
မောင်စွမ်းရည်
နိုဝင်ဘာ ၂၂၊ ၂၀၀၈

လက်ဖက်ရည်ဆိုင်
သူထိုင်နေဆဲ၊ ဗြုန်းကနဲဆို
လဲကျတုန်းက၊ ပခုံးမှာချိတ်
သူ့လွယ်အိတ်လည်း၊ ပခုံးထိပ်က
ပြုတ်ကျမြေမှာ ခွေခွေလေး။

လွယ်အိတ်ထဲမှာ
ပါမြဲပါတဲ့
ပ၀ါ၊ စီးကရက်၊ လက်သည်းညှပ်နဲ့
ချွဲကျပ်ပျောက်ဆေး၊ သော့တွဲလေးနဲ့
ဆေးသကြားထုပ်၊ မီးခြစ်ထုပ်နဲ့
စာအုပ်ကလေး၊ ဖောင်တိန်လေးနဲ့
တွေးစ ရေးစ ကဗျာများ။

ခုတော့
သူ့လွယ်အိတ်လည်း
လွယ်အိတ်သခင်၊ ထားစဉ်ထားရာ
နံရံမှာပဲ၊ ချိတ်မြဲချိတ်လျက်
ဆေးလိပ်လက်ကျန်၊ ကျန်မြဲကျန်လျက်
ကဗျာလက်ကျန်၊ ကျန်မြဲကျန်လျက်
နံရံထက်မှာ၊ ဟက်လက်ဟာလာ
မျှော်ငေးရှာလျက်။ ။

(ကဗျာဆရာတင်မိုး၏ ၇၅ နှစ်ပြည့်မွေးနေ့ အမှတ်တရ)
မောင်စွမ်းရည်
၂၀၀၈ နိုဝင်ဘာ ၂၂
နံနက်လေးနာရီ
LA


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts