>More Activists sentensed to heavy jail terms

>

ဘလော့ဂါ နေဘုန်းလတ်ကို ဖားအံထောင်ကို ပို့လိုက်ပြီ

ဗကသခေါင်းဆောင်တွေကို ထောင် ၁၀ နှစ်ကျော်၊ ကိုထင်ကျော်က ထောင် ၁၂ ခွဲ

ဘီဘီစီ (မြန်မာပိုင်း)

နိုဝင်ဘာလ ၁၇ ရက် ၂၀၀၈ ညပိုင်းအစီအစဉ်

“ခွပ်ဒေါင်းတို့ရဲ့အမောက်၊ ခွပ်ဒေါင်းတို့ရဲ့ခြေထောက်ကို ဘယ်လိုပဲ သံခြေချင်း ခတ်နေပါစေ။

တနေ့ကျလို့ရှိရင် ဒေါင်းအိုးဝေတွေက တွန်သံပေးလာမှာပါ”



ဖမ်းဆီးထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်တိုက်ချနေတဲ့နေရာမှာ ဒီကနေ့မှာ တော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းတို့ကို ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်လိုက်ပါတယ်။



နောက်တခါ မနှစ်က ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆက်တိုက်ဆန္ဒပြတောင်းဆိုခဲ့သူ ကိုထင်ကျော် ကိုလည်း ထောင်ဒဏ် ၁၂ ခွဲ ချမှတ်ခဲ့ပါတယ်။



နောက်မြောက်ဥက္ကလာက သံဃာတော် ဦးစန္ဒာဝရ ကိုလည်း ထောင် ၈ နှစ်ချလိုက်ပါတယ်။



ဒီကနေ့ထောင်ချခံရသူ အနည်းဆုံး ၉ ဦးရှိတယ်လို့ သိရပါတယ်။ မနေ့တုန်းကလည်း ထောင် ၆၅ နှစ်ကျော်စီ ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး အပါအဝင် လူပေါင်း ၂၀ ကျော်ကို ဝေးလံတဲ့ ဒေသက ထောင်အသီးသီးကို ပို့ခဲ့ပါတယ်။



ဒီနေ့မှာလည်း ထောင်ဒဏ် အနှစ် ၂၀ ကျော်ချခံထားရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကိုဉာဏ်လင်းတို့ ကို ဖားအံထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။



“ခွပ်ဒေါင်းတို့ရဲ့အမောက်၊ ခွပ်ဒေါင်းတို့ရဲ့ခြေထောက်ကို ဘယ်လိုပဲ သံခြေချင်း ခတ်နေပါစေ။

တနေ့ကျလို့ရှိရင် ဒေါင်းအိုးဝေတွေက တွန်သံပေးလာမှာပါ”



“သူတို့ခေတ်နဲ့သူတို့အခါနဲ့ သူတို့ကတော့ သူတို့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တာပေါ့၊ စည်းမရှိ ကမ်းမရှိ၊ ဥပဒေတွေ လုပ်ပစ်လိုက်တာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ယုံကြည်ချက်နဲ့လုပ်နေကြတဲ့ ကလေးတွေအတွက်ကတော့ ခွပ်ဒေါင်းတို့ရဲ့အမောက်၊ ခွပ်ဒေါင်းတို့ရဲ့ခြေထောက်ကို ဘယ်လိုပဲ သံခြေချင်း ခတ်နေပါစေ။ တနေ့ကျလို့ရှိရင် ဒေါင်းအိုးဝေတွေက တွန်သံပေးလာမှာပါ။ ဒါတွေကို သူတို့တလှည့်တော့ ကြုံလာဦးမှာပေါ့၊ ကျမဘက်တော့ ကျမ သားသမီး လုပ်တဲ့ကိစ္စကို ဂုဏ်ယူပါတယ်” – ထောင်ဒဏ် ၆ နှစ်ခွဲချမှတ်ခံရသူ ကိုကြည်ဖြူ၏ မိခင် ပြောကြားချက်



“ကျောင်းတက်နေတယ် ကျောင်းသားတယောက်ပေါ့နော်။ မခံချင်ဘူးပေါ့၊ မခံချင်ပေမယ့်လည်း ကျမ သားအတွက်ကို ကျမကတော့ ဂုဏ်ယူတယ်။ သူတို့ (နအဖ) ပြောနေတဲ့ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ ဆိုတာ … အဲဒီကို မရောက်ဘဲနဲ့ အခုဟာက နောက်ပြန်ရောက်နေတယ်။ သူတို့ရဲ့စိတ်ဓာတ်တွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျန်စစ်သားတို့ အနော်ရထာ တို့လိုပေါ့၊ သူတို့ထက် တော်မယ့် တတ်မယ့်သူ ဆိုလို့ရှိရင် အကုန်လုံး သတ်ပစ် ဆိုတဲ့ သတ်မိန့်ပေးသလိုမျိုးပေါ့၊ အဲဒီလိုမျိုး ဖြစ်နေတာပေါ့နော်။ ကျမကတော့ အဲဒီလိုပဲ ခံစားရတယ်” – ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခံရသည့် မောင်ရဲမြတ်ဟိန်း ၏ မိခင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts