>Golden Triangle Part 03

>

အဆိပ်အတောက် ရွှေတြိဂံ ရှင်းတမ်း

တရုတ် စာနယ်ဇင်းသမားများ ရေးသည်။ ဖြူစင် ဘာသာပြန်သည်။

အခန်းဆက် ဘာသာပြန် မှတ်တမ်း – ၃

နိုဝင်ဘာ ၁၆၊ ၂၀၀၈

အပိုင်း (၂)

ရွှေတြိဂံဒေသကို ဘိန်းစိုက်ခိုင်းတဲ့ တရားခံ ဘယ်သူလဲ

ရွှေတြိဂံမှာ အရည်အသွေးအကောင်းစား ဘိန်းစိမ်း (ဘိန်းရိုင်း) ထွက်ရှိခြင်းနှင့် ထိပ်တန်း အသန့်စင်ဆုံး ဟီးရိုးအင်းဘိန်းဖြူပါ ထွက်ရှိပါတယ်။ ဘိန်းတို့၊ မူးယစ်ဆေးဝါးတို့နဲ့အတူ ထိုစဉ်နှစ်ကာလတွေတုန်းက တချိန် တည်း တပြိုင်တည်းပဲ ထိုင်း၊ လော၊ မြန်မာနိုင်ငံအသီးသီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တခြား နိုင်ငံရေးအသင်းအဖွဲ့တွေ အမြဲတမ်းပဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ ဖြစ်ပျက်နေပါတယ်။ မူးယစ်ဆေး ဝါးနှင့် နိုင်ငံရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး လက်နက်ကိုင်အဖွဲ့ အစည်းတို့ သပွတ်အူလှိုက် အတူတကွ ရှိနေကြပါတယ်။ ဒါတွေဟာ ကမ္ဘာ့ဇာတ်ရှုပ်ကြီးမှာ ဆိုးကျိုးတွေရဲ့ ပုံရိပ် ပြကွင်းပြကွက်တွေပါပဲ။
အဴပည့္အစုံသိုႛ …



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts