>Zay Hmine – Poem

>

အတွေးတစ်စ

ဇေမှိုင်း

နိုဝင်ဘာ ၁၂၊ ၂၀၀၈

နှစ် ၄၀ ကျော် တဝိုက်မှာ

ချစ်ခဲ့ ကြိုက်ခဲ့တာများ

ပြန်စဉ်းစားရင်

လွမ်းသလို ဆွေးသလို၊၊

ငါ … အိမ်ပြန်မယ် စဉ်းစားတော့

အိမ်ပျောက်နေပြီ

ငါ့ ရဲဘော်တွေဆီ

အလည် ပြန်သွား မလို့

ငါ့ ဝန်းကျင်တခုလုံး မှောင်

အနှစ် ၂၀ ချစ်နေဆဲ။

“မည်သို့ပင် ဖြစ်စေ

ချစ်နေသေးသည်

ကြွေးကြော် စူးရဲ

တိုက်ပွဲထဲက ပြည်သူတွေ”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts