>Burmese Regime sentenced heavy jail terms to activists

>

နိုင်ငံတကာက ဖိအားပေးနေသည့်ကြားက စစ်အစိုးရက အမျိုးသားရေးလှုပ်ရှားသူများကို ထောင်ချ

မိုးမခ အထောက်တော် ၀၀၃

နိုဝင်ဘာ ၁၁၊ ၂၀၀၈

အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရန် တင်ပြနေချိန်၊ ဥရောပ သမဂ္ဂကလည်း ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုနှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုနေချိန်တွင် စစ်အစိုးရက ဖမ်းဆီးထားသူ နိုင်ငံရေးသမားများ၊ ကျောင်းသားလူငယ်များကို ထောင်ဒဏ်များ ပြင်းထန်စွာ ချမှတ်လိုက်သည်။

အေအေပီပီ ခေါ် မြန်မာအကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့နှင့် သတင်းဌာနများအဆိုအရ လူပေါင်း ၄၀ ခန့်ကို ထောင်ချလိုက်သည်ဟု ဆိုသည်။

ငွေကြာယံ ကျောင်းတိုက် သံဃာ ၅ ပါး – ထောင် ၆ နှစ်ခွဲ

၈၈ မျိုးဆက် ကျောင်းသား ၁၄ ဦး – ထောင် ၆၅ နှစ်

(မင်းဇေယျ၊ ဂျင်မီ၊ အံဘွယ်ကျော်၊ ပန္နိတ်ထွန်း၊ နီလာသိန်း၊ သင်းသင်းအေး ခေါ် မီးမီး၊ ဇော်ဇော်မင်း၊ သန်းတင်၊ ဇေယျ (လူ့ဘောင်သစ်)၊ ကျော်ကျော်ထွေး၊ သက်ဇော်၊ မာမာဦး၊ စန္ဒာမင်း၊ အမည်မသိ)

ဧရာဝတီ၊ ဘိုကလေးမှ ပြည့်ဖြိုးလှိုင်နှင့် ၉ ဦး – ထောင် ၈ နှစ် မှ ၂၄ နှစ်

လူအခွင့်အရေး မစုစုနွေး – ထောင် ၁၂ ခွဲ

ကိုဘိုဘိုလှိုင်ဝင်း – ထောင် ၈ နှစ်

ရွှေသံစဉ် ၀င်းမောင်၊ ကိုသန်းနိုင် – ထောင် ၆ နှစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts