>Burmese blogger receives 20-year imprisonment

>

မြန်မာဘလော်ဂါ ထောင်ဒဏ်အနှစ် ၂၀ ပေးခံရ
ဓာတ်ပုံသတင်း

နိုဝင်ဘာ ၁၀၊ ၂၀၀၈

နေဘုန်းလတ်၏ အင်တာနက်စာမျက်နှာ
http://nayphonelatt.blogspot.com/ တွင် ဖော်ပြထားသော
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်။ (ဓာတ်ပုံ – နေဘုန်းလတ်)

မြန်မာအာဏာပိုင်တို့က ဘလော်ဂါနေဘုန်းလတ်ကို ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်လိုက်သည်။
ယနေ့အမိန့်ချမှတ်ရာ တရားခွင်သို့ နေဘုန်းလတ်၏မိခင် ဒေါ်အေးသန်း သွားရောက်ခွင့် မရခဲ့ကြောင်း၊ ၎င်း၏ရှေ့နေ ဦးအောင်သိန်းသည်လည်း ထောင်ဒဏ် ၄ လချမှတ်ခံလိုက်ရကြောင်း အေပီသတင်းဌာန ရေးသားထားသည်။ “အတော့်ကို မတရားတာပဲ” ဟူသော ဒေါ်အေးသန်း၏ မှတ်ချက်ကိုလည်း ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း အာဏာပိုင်တို့က ၎င်းတို့နှင့် အယူအဆ မတူသူအချို့ကို အောက်ပါအတိုင်း ထောင်ဒဏ်အသီးသီးပေးခဲ့သည်။

နိုဝင်ဘာ ၁၀
နေဘုန်းလတ် – ၂၀ နှစ်၊ ၆ လ
မသင်းဇူလိုင်ကျော် -၂ နှစ်၊ ၆လ
ကဗျာဆရာစောဝေ – ၂ နှစ်

နိုဝင်ဘာ ၇
ဦးအုန်းကျော်နှင့်၃ဦး – ၅ နှစ်
ကိုထွန်းထွန်းဝင်း – ၃ နှစ်

နိုဝင်ဘာ ၆
ဒေါ်နှင်းနှင်း – ၂ နှစ်
ဦးအောင်သိန်း (ရှေ့နေ) – ၄ လ
ဦးခင်မောင်ရှိန် (ရှေ့နေ) – ၄ လ
ဦးဣဿရိယ – ၈ နှစ်
ဦးဣန္ဒက မဂ္ဂင်ကျောင်းဆရာတော် – ၁၆ နှစ်

နိုဝင်ဘာ ၅ ရက်နေ့က ဖမ်းဆီးခံရသူများ
ဦးခင်မောင်အေး(News Watch ဂျာနယ်)- ၃ လ
ကိုထွန်းထွန်းသိန်း(News Watch ဂျာနယ်) – ၃ လ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts