>poem for U Win Tin

>

မြန်မာပြည်မှ သူရဲကောင်း သတင်းစာဆရာ
မောင်သြ
နိုဝင်ဘာ ၃၊ ၂၀၀၈


ထောင်ထဲမှာ … ကျား
အပြင်မှာ … ကျား
အာဂသတ္တိ မြန်မာပြည်သား။

ထောင်ထဲမှာ ရဲစိတ်မှန်
အပြင်မှာ ဇွဲစိတ်သန်
ယုံကြည်ချက်ကို ဦးထိပ်ပန် …

ထောင်ထဲမှာ ဒီစိတ်
အမျိုးသားရေး ချစ်တဲ့စိတ် …

ထောင်ထဲမှာ ဒီနှလုံးသား
အပြင်မှာလည်း ဒီနှလုံးသား
ဒီမိုကရေစီရဲ့ ဘက်တော်သား …

ထောင်ထဲမှာ ဒီဝတ်စုံ
အပြင်မှာလည်း ဒီဝတ်စုံ
လူ့အခွင့်အရေး နိမိတ်ပုံ …

ထောင်ထဲမှာ ဒီစကား
အပြင်မှာလည်း ဒီစကား
ဖြောင့်မတ်ခိုင်ကျည် သစ္စာတရား …

ထောင်ထဲမှာ ဒီအပြုံး
အပြင်မှာလည်း ဒီအပြုံး
ပြည်သူ့အတွက် သူ့မျက်လုံး
နိုင်ငံအတွက် သူ့မျက်လုံး
အနှစ် ၂ဝမျှ
အကျဉ်းကျခံ အုတ်နံရံထဲ
ဆင်းရဲမွန်းကျပ် နေခဲ့လတ်လည်း
စိတ်ဓာတ်ခိုင်ကျည် ရဲရဲနီလျက်
အနိုင်မခံ အရှုံးမပေး
သတ္တိသွေးကို လေးစားပါသည်
တို့ ယုံကြည် …
အို … ပြည်သူချစ်သော သတင်းစာဆရာ
သင်၏ နှလုံးသားမှ …
NLD ကို ဝန်းရံ
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံ
လွှတ်တော်ကို ဝန်းရံ
ရံသုံးရံသည်၊ အမှန်တရား
တို့ရင်ကြားကို အပ်ဖျားနှင့်ဆွ
နှိုးတက်ကြွဖို့ တပ်လှန့်နှိုးဆော်လိုက်ပါပြီ …။

သင်၏ စကား
သစ္စာတရားကို … အားလုံးငါတို့ လိုက်နာဖို့
စည်းလုံးညီညွတ်ရှိကြစို့။ ။

(၂၃.၉.ဝ၈နေ့က လွတ်မြောက်လာသော သတင်းစာဆရာကြီး ဦးဝင်းတင် … သို့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts