>The Funeral Service for Artist Wathone

>

ပန်းချီဆရာ ၀သုန်ရဲ့ ဈာပနကို စာပေအနုပညာရှင်နှင့် ပရိသတ်များ စည်ကားစွာ ပို့ဆောင်ခဲ့ကြ

မိုးမခ အထောက်တော် ၀၀၃၊

အောက်တိုဘာ ၂၄၊ ၂၀၀၈

မြန်မာ စာနယ်ဇင်း သရုပ်ဖော် ပန်းချီလောကမှာ ထင်ရှားတဲ့ ပန်းချီ ၀သုန် (၁၉၄၇ – ၂၀၀၈)ရဲ့ ဈာပနကို ၂၀၀၈ အောက်တိုဘာ ၂၃ နေ့လည် ၃ နာရီက ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။

“ဆရာဝသုန်ဟာ ရေဆေးနဲ ဆီဆေးတွေ အများအပြားဆွဲခဲ့တယ်။ ကောက်ကြောင်းများရဲ့ ဟန်ချက်ကို နိုင်နင်းစွာ ဆွဲနိုင်တယ်။ ရိုးရာပန်းချီဟန်များကို လက်ရာထဲမှာ ထည့်သွင်းတီထွင်ပြီး ဆွဲတယ်။” လို့ မိတ်ဆွေတဦးက အမှတ်တရ ပြောခဲ့ပါတယ်။

“ သရုပ်ဖော်ပန်းချီဆရာအဖြစ် ရိုးသားစွာ ရဲရင့်စွာ အသက်မွေးခဲ့တယ်။ ခေတ်ရေစီးမှာ သူများအလိုကျ အလိုက်သင့် ဆောင်ရွက်တဲ့ အနုပညာကိစ္စတွေကို ဥပက္ခာပြုနေရဲသူအဖြစ် ထင်ရှားသူ ဖြစ်တယ်။ ခံယူချက် ရှိတဲ့ ပန်းချီဆရာ၊ ၀တ္ထုတိုအရေးကောင်းတဲ့ စာရေးဆရာ …” လို့ မိတ်ဆွေက ပြောပါတယ်။

ပါတိတ်ပန်းချီဆွဲနည်းကို ရန်ကုန်ဘဆွေထံက သင်ကြားခဲ့ပြီး၊ မြန်မာပြည်မှာ ကျယ်ပြန့်ခေတ်စားအောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆရာ ၀သုန်ရဲ့ ပန်းချီအနုပညာကို ချစ်ခင်တဲ့ လေးစားတဲ့ စာပေ အနုပညာ အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်များနဲ့ စည်ကားတဲ့ ဈာပနလည်း ဖြစ်ပါတယ်။

ဓာတ်ပုံမှတ်တမ်းအပြင် အနုပညာရှင်တို့ရဲ့ အမှတ်တရစာများလည်း ပါဝင်ပါတယ်။ (ဓာတ်ပုံ ကျေးဇူး – ဇေမှိုင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts