>Khaing Myae Kyaw Zwa’s poem 01


>

တောအုပ်
ခိုင်မြဲကျော်စွာ
အောက်တိုဘာ ၁၉၊ ၂၀၀၈


မျက်နှာကို
မိုးစက်တွေ အသေအလဲ ပက်နေတာတောင်ပျင်းရိ
ဘယ်လိုမှော်လဲ
ခြေအိတ်ထဲ
အဆွေးငါးတစ်ကောင်အရိုးများရှိနေမလား။

ကိုယ့်ဘက်ကရှုမျှော်ခင်းဆိုတာ
မမြင်ရ
မြင်ရတဲ့လမ်းများ
အားလုံး လမျက်နှာပြင်လိုချိုင့်ခွက်နဲ့။
တစ်ယောက်ယောက်ကို ကြံ့ခိုင်မှုအပြည့်ရှိနေသေးကြောင်း
ချောင်းတဟန့်ဟန့် ညာမပြောနိုင်တော့ဘူး
မျှော်လင့်ချက်အဖတ်လိုက်
ကိုယ်အရေပြားရောဂါလိုကွာကျတယ်။

ထားလက်စတရားနဲ့
တီထွင်ပြီးသားဒုက္ခများ
ခိုးလိုးခုလုခုတ်မောင်းတော့မယ့်ရထားလေး
ကိုယ့်ဘဝပိတ်ကားပေါ်
မေးတင်စေချင်တုန်းပဲ။

အဝေးပြေးလက်မှတ်တစ်စောင်မှာ အဖျားတက်
ကြည့်နေဆဲ မှန်ချပ်ဟာ အရှိန်နဲ့ကျကွဲတော့မလို
ဒီလို
ကျက်စားမိပါရဲ့။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts