>Tin Moe Nyo – Poem for 26th Sept 2008

>

မမေ့နဲ့ဟေ့

တင်မိုးညို

အောက်တိုဘာ ၁၅၊ ၂၀၀၈

မမေ့နဲ့ဟေ့ …

တို့ရှေ့မှာပင်၊ ထေရ်အရှင်တို့

မြေတွင်တုံးလုံး၊ အသက်ဆုံး၍

သွေးဖုံး တော်လှန်ပြခဲ့ပြီ။

မမေ့နဲ့ဟေ့ …

ကျောင်းရိပ်ကန်ရိပ်၊ တရားရိပ်မှာ

ချွေးသိပ်နားနေ၊ ရနိုင်လေလည်း

ထေရ်ရှင်အများ၊ နှလုံးသား၌

တိုင်းသားပြည်သူ၊ စိတ်အပူကို

နှုတ်ယူဆုပ်ဖမ်း၊ ဆူးခင်းလမ်းတွင်

မနွမ်းမကြွေ၊ ပူမျှဝေလျက်

သွေးအသက်နှင့် ပေးဆက်စာနာပြခဲ့ပြီ။

မမေ့နဲ့ဟေ့ …

တစ်နေ့မွေးလျှင်၊ တစ်နေ့တွင်မူ

သေမင်းယူမည်၊ သေမူကိုတွေး

သတ္တိမွေးလော့. . .

သွေးနှင့်သစ္စာ၊ နှင်းအပ်ကာလျှင်

တိုက်ပွဲဝင်လော့. . .

အားပျော့စိတ်ပျက်၊ ကိုယ့်အတွက်သာ

တွေးနေပါမူ၊ ထေရ်ဘုန်းလူတို့

စွန့်လှူလွှတ်သွား၊ ဝိညာဉ်များကို

အားနာစရာ ကောင်းလှပါသည်

မျက်နှာ မည်သို့ ပြအံ့နည်း။

မမေ့နဲ့ဟေ …့

သမိုင်းသစ်ဖို့ တို့ပြည်တစ်ခေတ်

တိုင်းချစ်ပြည်ခင်၊ ထေရ်အရှင်တို့

ဖိတ်စဉ်မြေလူး၊ သွေးကျေးဇူးကို

အထူးဆပ်ရန် ရှိသည်ကို. . .။

၂၆.၉.၂ဝဝ၈

(ပြည်သူအားလုံး သံဃာတော်များရဲ့ သွေးကျေးဇူးကို အထူးတလည် ပေးဆပ်ပူဇော်နိုင်ကြပါစေ )

(သူ့ရဲ့ ခံစားချက် အသံကို ဒီမှာ နားဆင်ပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts