စာအုပ်စင်

ဖတ်ချင်စရာ လစဉ်မဂ္ဂဇင်း – မော်ကွန်း ခရိုနီကယ် နိုဝင်ဘာလထုတ်

ဖတ်ချင်စရာ လစဉ်မဂ္ဂဇင်း – မော်ကွန်း ခရိုနီကယ် နိုဝင်ဘာလထုတ်
မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၃
အမှတ် ၉ အထိ တိုင်ခဲ့ပြီဖြစ်တဲ့ စာရွေးဖတ်သူတွေကြိုက်မယ် လစဉ်ထုတ်မဂ္ဂဇင်းတစောင် ဖြစ်ပါတယ်။ အတိုင်ပင်ခံတွေက ရဲနိုင်မိုး၊ မြင့်ကျော်၊ အယ်ဒီတာအဖွဲ့ဝင်တွေက လူရွယ်တွေဖြစ်တဲ့ ဥာဏ်လင်း၊ ၀င်းဇော်လတ်၊ ဇေယျာလှိုင်၊ သတင်းထောက်ချုပ် – နှင်းကို၊ သတင်းအဖွဲ့ကတော့ သက်ဦးမွန်၊ ခင်မောင်မြင့်၊ ကောင်းမြတ်မိုး၊ သီတာဝင်းတို့ ဖြစ်ပါတယ်။ သူတို့ ဖေ့စ်ဘွတ်စာမျက်နှာက http://facebook.com/mawkunmagazine.
 
မာတိကာကို ကြည့်လိုက်ရင် သူတို့တွေက Issue တွေကို ချည်းကပ် စကားပြောနေတယ်ဆိုတာတွေ့ရပါမယ်။ ပြီးတော့ အဲသည်လ အင်တာဗျုးကတော့ မြန်မာပြည်ကို ပြန်သွားတဲ့ မိုးသီးဇွန်နဲ့ အင်တာဗျုးပါပဲ။ စိတ်ဝင်စားသူတွေ ဖတ်ကြည့်သင့်ပါတယ်။ ဗမာတွေဟာ အမျိုးသားရေးသိမ်ငယ်မှု ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။ ဒါက ဗမာတွေ ဆီးဂိမ်းမှာ ငိုဟယ်၊ ရယ်ဟယ် မဖြစ်ခင်ကတည်းက ဟောကိန်းထုတ်ထားတာပါ။ ကဗျာဆရာ မင်းထက်မောင်ရဲ့ ဖားမွေးမြူရေး ကဗျာကလည်း ကြိုက်ချင်စရာပါ။ မိုးမခကနေ ကူးပြီး တင်ပေးမယ် စဉ်းစားတယ်။ ကျနော်တို့ကတော့ မော်ကွန်း ဒီဇင်ဘာကို မျှော်နေပါပြီ။
အပြင်ကလူတွေ ၀ယ်ဖတ်နိုင်အောင် အမေဇုံအွန်လိုင်းမှာ ကင်ဒဲဗားရှင်း ထုတ်ချင်တယ်ဆိုရင် မိုးမခမိတ်ဆွေတွေက စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးဦးမှာဖြစ်ကြောင်း မော်ကွန်းအယ်ဒီတာတွေကို လက်တို့လိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts