>A monk in labor camp reaches India

>

အရှင်ပညာသီရိ

အင်တာနက်ကဖေးတွင် အဖမ်းခံခဲ့ရသည့်သံဃာ အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလွတ်မြောက်

lanka-msma.blogspot.com

စက်တင်ဘာ ၃၀၊ ၂၀၀၈

ပြီးခဲ့သော ၂၀၀၇-ခုနှစ်၊ စက်တင်ဘာ၊ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ ခေါင်းဆောင် သံဃာတော်တစ်ပါးအဖြစ် ပါဝင် အကျိုးပြုခဲ့တဲ့ ရဟန်းတော်တစ်ပါးဟာ မကြာသေးခင် ကာလက အလုပ်သမား အကျဉ်းစခန်းကနေ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။

သူဟာ ရွှေဝါရောင်တော်လှန်ရေး ကာလ တစ်လျှောက်လုံးမှာ မြန်မာပြည်လုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (ABMA)ရဲ့ တွဲဘက် တည်ထောင်သူ ဦးသြဘာသနဲ့ တစ်ချိန်လုံး ရှိနေခဲ့သူ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈-ရက်နေ့မှာ မုံရွာမှာရှိတဲ့ အင်တာနက်ကဖေးဆိုင်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

သူဟာ အောက်တိုဘာ ၁၈-ရက်ကနေ ၂၄-ရက်ထိ မရပ်မနား နှိပ်စက်ခံခဲ့ရပါတယ်။

မေလမှာတော့ သူ့ကို အာဏာပိုင်တွေက အလုပ်ကြမ်းအကျဉ်းစခန်းကို ပို့ခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရပါတယ်။

၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၁၆-ရက်၊ မနက် ၁-နာရီ သန်းခေါင်အချိန်မှာ အဆိုပါ အကျဉ်းစခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ၂-ရက်နဲ့ ၂-ညတိုင်တိုင် တောတွင်းခရီးလမ်းမှာ မရပ်မနား ထွက်ပြေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အိန္ဒိယနယ်စပ်ကို ရောက်ရှိခဲ့ပြီး လွတ်မြောက်လာခဲ့ပါတယ်။ သူဟာ မကြာခင်မှာ သူရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြပါလိမ့်မယ်။

သူဆိုတဲ့ အာဇာနည်ရဟန်းတော်ရဲ့ ဘွဲ့တော်ကတော့ အရှင်ပညာသီရိ လို့ ခေါ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts