>သူလိုလူ

>

(photo:AFP)

သူလိုလူ
(ဦးဝင်းတင်သို့)
မောင်စွမ်းရည်
စက်တင်ဘာ ၂၈၊ ၂၀၀၈

သူနဲ့သူသာ
နှိုင်းစရာမို့
သူသာ စံထူ
သူ့လိုလူကို
လူတိုင်းကြည်ညို
ဆုတောင်းဆိုအံ့
သူလိုလူတွေ များစေသော …
သူလိုစိတ်ထား ပွားစေသော …
သူ့သက် ရာကျော် ရှည်စေသော … ။ ။

မောင်စွမ်းရည်
စက်တင်ဘာ ၂၃၊ ၂ဝဝ၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts