>San Francisco remembers Saffron Revolution One year later

>

ဆန်ဖရန်စစ္စကိုက ရွှေဝါရောင် ၁ နှစ်ပြည့်ကို ယူနီယံရင်ပြင်တွင် ကျင်းပ

မိုးမခ ဓာတ်ပုံသတင်း

စက်တင်ဘာ ၂၇၊ ၂၀၀၈

စက်တင်ဘာ ၂၆ ညနေခင်း၊ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာမိသားစုများနှင့် ဒေသခံတို့ စုပေါင်းပြီး ရွှေဝါရောင် ၁ နှစ်ပြည့် အမှတ်တရ အခမ်းအနားကျင်းပသည်။ ဘေးဧရိယာက မြန်မာရဟန်းတော် ၃ ပါးနှင့်အတူ ဒေသခံ အဖွဲ့အစည်းပေါင်းစုံနှင့် ပရိသတ် ၁၀၀ ခန့် တက်ရောက်ကြပြီး ဧည့်သည်တော်များက အမှာစကားပြောခြင်း၊ မြန်မာလူငယ်များက သံချပ်နှင့် ဒိုးပတ်ဝိုင်းဖြင့်၎င်း၊ ကဗျာဆရာအောင်ဝေး၏ အိုးဝေကဗျာကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ရွတ်ဆို၍၎င်း မြန်မာအရေးကို နှိုးဆော်ခဲ့ကြသည်။ အဆိုတော် မာမာအေး၏ သံဃာအရေးတော်ပုံ ဂုဏ်ပြုသီချင်း ၂ ပုဒ်နှင့် ပြည်တွင်းက သံဃာ့အရေးအခင်းအတွင်းက ဖြန့်ချိခဲ့သည့် “သံဃာ့အာဇာနည်”သီချင်း ၁ ပုဒ်ကို ဖွင့်လှစ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts