>junta’s press conference on September 7

>

ဒေါ်စုဆန္ဒပြနေခြင်းမရှိဟု စစ်အစိုးရပြောကြား

ဗုံးကွဲမှုများမှာ အဖွဲ့ချုပ်၏လုပ်ရပ်ဟု စွပ်စွဲ

AFP သတင်းဌာန

စက်တင်ဘာ ၇၊ ၂၀၀၇

အထိန်းသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း စစ်အစိုးရက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

ဒေါ်စုက သူမထံပေးပို့သော အစားအစာများကို လွန်ခဲ့သော ၃ ပတ်မှစတင်ပြီး လက်ခံခြင်းမရှိတော့ဟူသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် ပေါ်ထွက်လာပြီးနောက် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ကုလသမဂ္ဂ အထူးအရာရှိ မစ္စတာဂမ်ဘာရီတို့၏ တွေ့ဆုံလိုသည့် ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့သည်။ ထိုသို့ ငြင်းဆန်ခြင်းမှာ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ ဒေါ်စုက အားမရသောကြောင့်ဖြစ်နိုင်သည်ဟု အကဲခတ်များက ယူဆကြသည်။ သတင်းစာရှင်းလင်းပွဲတွင် စစ်အစိုးရက ‘တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ ဒေါ်စု အပေါ်တွင်သာ မူတည်ကြောင်း၊ အစိုးရအနေဖြင့် ကုလသမဂ္ဂ၊ မစ္စတာဂမ်ဘာရီတို့နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း’ ပြောကြားလိုက်သည်။

ထို့ပြင် ဒေါ်စု၏ အဖွဲ့ချုပ် အဖွဲ့ဝင်အချို့သည် ဇူလိုင်လအတွင်းက ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းရုံး ဗုံးကွဲမှုများ၏ တရားခံဖြစ်ကြောင်း စွပ်စွဲလိုက်သည်။ အဖွဲ့ဝင် လူငယ်များဖြစ်သည့် ကိုရန်ရွှေ၊ ကိုဇော်ဇော်အောင်တို့မှာ ယင်းဖြစ်ရပ်ကြောင့် ဖမ်းဆီးခံထားရပြီး၊ ဦးမြင့်အေးသည် ထိုလူငယ်များအား ငွေကြေး ထောက်ပံ့ထားသည်ဟု စွပ်စွဲခံထားရသည်။ (NLD youth members Yan Shwe and Zaw Zaw Aung were arrested along with activist and former NLD member Myint Aye, who is accused of funding them.)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts