>Mar Mar Aye poem on Daw May Shin

>

မမရှင် … သို့
မာမာအေး
စက်တင်ဘာ ၅၊ ၂၀၀၈

‘မမရှင်’ ရေ …
ဝေးတပြေက
ကံခေသူလေး
ညီမ ‘အေး’ မှာ
ပြေးမလာနိုင်
ကိုယ်ပိုင်ကုသိုလ်
နှစ်လိုမျှဝေ
မေတ္တာစေလျက်
မသေ မနာ
မအိုရာကြောင်း
ဘဝကောင်းတွင်
ကျင်လည်ပါစေ
မြမျက်ရည်စင်
ရှိုက်တငင်နှင့်
နှုတ်တွင်သသ
မမသီချင်း ချိုညင်းညင်း။ ။

၂ဝဝ၈ စက်တင်ဘာ ၄ ရက်
ည ၈း၃ဝ နာရီ

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၃ ရက် ည ၁၁ နာရီခွဲတွင် ကွယ်လွန်ခဲ့သော အဆိုတော် ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင် သို့ ရေးဖွဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts