>Stories of 8888, 20 years ago by newspaper clips of that time – 3

>

၈၈ အနှစ် ၂၀ – အခန်းဆက်များ

သတင်းစာများက ပြောတဲ့ ၈၈ အရေးတော်ပုံမြင်ကွင်း – ၃

မိုးမခ

သြဂုတ် ၃၀ ၂၀၀၈

၈၈ အရေးတော်ပုံကာလမှာ ကြေးမုံ၊ မြန်မာ့အလင်း၊ လုပ်သားပြည်သူ့နေစဉ်၊ ဗိုလ်တထောင် စတဲ့ သတင်းစာတွေမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို သတင်းခေါင်းစဉ်တွေ၊ ဓာတ်ပုံတွေ ဖတ်မိသမျှ မှာ ပြန်ကြည့်ပါ။

တောင်ကြီးတွင် ဆက်လက်ဆန္ဒပြ၊ ၀န်ထမ်းပေါင်းစုံ သမဂ္ဂ (ယာယီ) ဖွဲ့စည်း

ဒီမိုကရေစီရေးတိုက်ပွဲ တပ်မတော်သားတို့ ပါဝင်လာကြပြီ

ကျနော်သာလျှင် တရားဝင် ၀န်ကြီးချုပ်ဟု ဦးနု ကြေညာ

ကျောင်းသားများ၏ တိုက်ပွဲမှ အောင်မြင်မှုရလဒ်၊ အများလက်ခံသည့် ကြားဖြတ်အစိုးရကိုသာ လိုလား

စုပေါင်းခေါင်းဆောင်မှုဖြင့် ယာယီအစိုးရ ဖွဲ့ရန် လိုအပ်

စက်တင်ဘာ ၉ မန္တလေးဆောင်တွင် လေတပ် တပ်မတော်သားများအား သူရဦးတင်ဦး ချီးကျူးဂုဏ်ပြုစကား ပြောကြားစဉ်

ရန်ကုန်တိုင်း ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲမေများ ဆန္ဒပြကြစဉ်

တောင်းဆိုချက် တချက်သာရှိ၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် လို

ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကော်မရှင် လူထုခေါင်းဆောင်များဖြင့် အဆိုပြု

လက်ရှိအစိုးရနှင့် ကင်းလွတ်သော ကြားဖြတ်အစိုးရ အမြန်ဆုံးဖွဲ့စည်း၊ ရှမ်းပြည် ခေါင်းဆောင်ဟောင်းများ ကြေညာ

၃၆ နာရီကြာ အစာငတ်ခံ ဆန္ဒပြပွဲကြီး ဆင်နွှဲ၊ အဖွဲ့အစည်းစုံမှ လူ ၁ ထောင် ကျော် ပါဝင်

စက်တင်ဘာ ၁၀ လမ်းစဉ်ပါတီ အရေးပေါ်ညီလာခံက ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာချက်ထွက်၊ လူထု ချီတက်ပွဲကြီးတွင် – ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ရေး တောင်းဆို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts