>Daw Suu allowed rare visit by lawyer

>

ရှေ့နေ ဦးကြည်ဝင်း (photo: Moemaka)

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့်တွေ့ခွင့်ရ
AFP သတင်းဌာန
သြဂုတ် ၁၀၊ ၂၀၀၈

အထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ခံရသည့်အရေး ဆွေးနွေးနိုင်ရန် ရှေ့နေနှင့် ရှားရှားပါးပါး တွေ့ခွင့်ရခဲ့ကြောင်း သူမ၏ ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ပြောကြားလိုက်သည်။

“နေအိမ်အကျယ်ချုပ်ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သောကြာ(သြဂုတ် ၈ ရက်)နေ့က ရှေ့နေ ဦးကြည်ဝင်းနဲ့ တွေ့တယ်။ နေ့လည် ၁ နာရီကနေ ၃ နာရီအထိ တွေ့တယ်၊ ၂၀၀၄ ခုနှစ်ကတည်းကစပြီး ဒါ ပထမဆုံးအကြိမ် တွေ့ခွင့်ရတာပဲ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။ ရှေ့နေနှင့်ဒေါ်စုတို့ ဆွေးနွေးသည့်အကြောင်းအရာ အသေးစိတ်ကို မသိရှိရသေးဟု ဆိုသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိ မြန်မာပြည်မှ ပြန်လည်ထွက်ခွာပြီး နောက်တနေ့တွင် တွေ့ခွင့်ရခြင်းဖြစ်သည်။

ဒေါ်စုသည် ပြီးခဲ့သည် ၁၉ နှစ်အတွင်း အများအားဖြင့် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသူဖြစ်သည်။ မကြာသေးမီက အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ချုပ်သက်တမ်း ၁ နှစ် တိုးမြှင့်ခဲ့ရာ အဖွဲ့ချုပ်က ဥပဒေကြောင်းအရ ကန့်ကွက် လျှောက်လဲထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts