>88 – 20 Years Memorial Service held in Oakland at the bay with Burmese community

>

၈၈ အနှစ် ၂၀ အထိမ်းအမှတ် – ဥက္ကလံက မြန်မာမိသားစုများ ဆွမ်းကျွေး အမျှဝေ
ဓာတ်ပုံသတင်း၊ မိုးမခ
သြဂုတ် ၉၊ ၂၀၀၈

ယနေ့ မနက်က ကယ်လီဖိုးနီးယား၊ ဘေးဧရိယာ၊ ဥက္ကလံမြို့ရောက် မြန်မာမိသားစုများ၏ ၈ လေးလုံး အထိမ်းအမှတ် ဆွမ်းကျွေး၊ တရားနာ၊ ကောင်းမှုပြု အမျှဝေ အခမ်းအနားကို ဓမ္မအေးရိပ် မြန်မာဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပသည်။

ထိုင်း မြန်မာနယ်စပ်ဒေသက ပြောင်းရွှေ့ အခြေချနေထိုင်လာသည့် မြန်မာတိုင်းရင်းသား မိသားစုများက ဆွမ်းဟင်းများ ၀ိုင်းချက်ပြုတ်ကြပြီး၊ ဧည့်သည်များကို ဘီးလင်း မုန့်ဟင်းခါး၊ စမူဆာကျော်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ဘေးဧရိယာက ဘုန်းကြီးနှင့် ကိုရင် စုစုပေါင်း ၈ ပါးကို ဆွမ်းကပ်နိုင်ခဲ့သည်ဟု ဆိုသည်။ ထို ဘုန်းတော်ကြီးကျောင်းကိုလည်း တိုင်းရင်းသားမြန်မာမိသားစုများ ၀ိုင်းဝန်းစုပေါင်းမတည်ပြီး ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts