>Junta raided highschool for drug abuse students, tighened security

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ရန်ကုန်တွင် လုံခြုံရေး တင်းကြပ်

အထက်တန်းကျောင်းများတွင် မူးယစ်ဆေးဝါး စစ်ဆင်ရေး ၀င်ရောက်

မိုးမခ အထောက်တော် (ရန်ကုန်)

သြဂုတ် ၂၊ ၂၀၀၈

ရန်ကုန်တွင် သြဂုတ်လ ၈ ရက်နေ့ နီးလာသည်နှင့်အမျှ လုံခြုံရေးများ တိုးမြှင့်ပြီး တင်းကြပ်လျက်ရှိကြောင်း မျက်မြင်တို့က ဆိုသည်။ ရဲတပ်ဖွဲ့များနှင့် စစ်သားများအပြင် စစ်တပ်လက်ပါးစေ အရပ်ဝတ်အကြမ်းဖက်သမားများလည်း စုဝေးလှုပ်ရှားနေသည်ကို တွေ့ရသည်ဟု ပြောသည်။

လွန်ခဲ့သည့် တနလာင်္နေ့ကလည်း ရန်ကုန်ရှိ အထက်တန်းကျောင်းများတွင် ရှောင်တခင် မူးယစ်ဆေးဝါး စစ်ဆင်ရေးဝင်ရောက်လာသည်ဟု အရပ်သတင်းတခုက ဆိုသည်။ တီတီစီ၊ ဒဂုံ ၁ နှင့် တောင်ဥက္ကလာမြို့တွင်းရှိ အထက်တန်းကျောင်းများက ၈၊ ၉ နှင့် ၁၀ တန်း ကျောင်းသားများကို သတင်းအရ စစ်ဆေးခြင်း၊ ရှာဖွေခြင်းနှင့် တွေ့ရှိသော စိတ်ကြွဆေးများကို သိမ်းဆည်းခြင်း၊ သုံးစွဲသူ၊ ရောင်းချသူနှင့် ပေါင်းသင်းသူများဆိုပြီး ဖမ်းဆီးခြင်းတို့ ပြုလုပ်သည်ဟု ကြားသိရသည်။

စိတ်ကြွဆေး၊ ဘိန်းဖြူနှင့် ယာမဆေးတို့ကို ရုပ်ရှင်နှင့် ဂီတက လူငယ်များ၊ စီးပွားရေး အသိုင်းအ၀ိုင်းများတွင် သုံးစွဲကြောင်း၊ ဖြန့်ဝေရောင်းချနေကြောင်း၊ အရေးယူမှုများကို ဆောင်ရွက်နေကြောင်း စစ်အစိုးရက ထုတ်ဖော်ပြောဆိုမှုများဖြစ်နေချိန်တွင် ယခုကဲ့သို့ သတင်းများထွက်လာခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts