>Bloggers Q & A – Webmaster the Geek

>

မြန်မာ ဘလောက်ဂါ လမ်းညွှန်၊ မြန်မာစာ အလွတ်စွယ်စုံကျမ်း – ၀ီကီ နဲ့
အင်တာနက် သံချပ်ကာ အင်္ကျီ ၀တ်နည်း

ဝက်မာစတာ သာဂိ

ဇူလိုင် ၂၈၊ ၂၀၀၈

ကနောင်လက်နက်စက်ရုံက အဲလေ ကနောင်မြန်မာစာပြောင်းစနစ်ကို ကြိုက်ကြလို့ မေးခွန်းတွေ မိုးမခဆီကို လာပါတယ်။ အယ်ဒီတာတွေကတော့ မေးချင်တာမေး၊ ဖြေချင်တာဖြေ ကဏ္ဍ ဖွင့်ချင်သတဲ့။ အဲဒါတော့ မလုပ်နိုင်သေးဘူး ခင်ဗျာလို့ ငြင်းလိုက်ပါတယ်။ မိုးကုတ်စက်ဝိုင်းတို့၊ မောင်မိုး (ပွင့်သစ်)တို့က အရင်က အညွှန်းတွေ ရေးကြတယ်။ အခု မရေးကြပြန်ဘူး။ ၀မ်းတထွာအတွက် ရုန်းနေကြရတာ မို့လား။ ဒါကြောင့် အားနေတဲ့ သာဂိက ခဏ ၀င်ရေးတာပါ။

ဘလောက်တွေရေးကြတဲ့အခါ ပြသနာတွေ ရင်ဆိုင်ရရင် ဘာလုပ်ကြရမလဲတဲ့ …။ ဒီတော့ အဲဒါတွေကို ညွန်းစရာတွေ ထည့်ပေးလိုက်ပါတယ်။ မြန်မာဘလောက်ဂါ အကူစာပွဲပါ တဲ့။ အဲဒီကို သွားကြပါ။ မေးကြပါ။ လေ့လာပါလို့ ညွန်းချင်ပါတယ်။ http://mmbloggershelpdesk.blogspot.com/

နောက်ပြီး မြန်မာစွယ်စုံကျမ်း မိတ်ဆက်ပေါ့ဗျာ။ ကိုမောင်လှက (http://blog.mghla.com/ ) ရေးထားတယ်။ ဒီလို –

Zawgyi-One အသုံးပြုကြတဲ့ user တွေ အတွက် http://www.myanmarwikipedia.org လာပါပြီ… မည်သူမဆို လွတ်လပ်စွာဖြင့် ဝင်ရောက်ရေးသားနိုင်ပါပြီ… တည်ထောင်တဲ့ သက်တမ်း မကြာသေးပေမယ့် အကြောင်းအရာပေါင်း ၂၀၀ ကျော်ရှိနေပါပြီ… စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်ရေးသားနိုင်ပါတယ်… အခြားသူများ ရေးသားထားတဲ့ အကြောင်းအရာများမှာ လိုအပ်ချက်များရှိနေပါကလည်း ပြင်ဆင် ရေးသားနိုင်ပါတယ်… http://www.myanmarwikipedia.org နဲ့ http://my.wikipedia.org/ တို့ဟာ မတူညီကြပါဘူး… http://my.wikipedia.org/ ဟာ မြန်မာလိုရေးသားထားခြင်း ဖြစ်သော်လည်း Unicode 5.1 စနစ်အတိုင်း လိုက်နာထားတဲ့ မြန်မာ Unicode font စစ်စစ်များဖြင့် ကြည့်မှသာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်… http://www.myanmarwikipedia.org ကတော့ Unicode မစစ်တဲ့ Zawgyi-One ရှိရင် ဖတ်ရှုနိုင်ပါတယ်… ဝင်ရောက် ရေးသား၊ ဖတ်ရှုကြပါဦးလို့ တည်ထောင်သူများ ကိုယ်စား ဖိတ်ခေါ်အပ်ပါတယ်…

ပြီးတော့ ပြည်တွင်းက အင်တာနက်ကဖေးတွေမှာ ဗိုင်းရပ်စ်တွေက ပျံ့နှံနေလို့ မရှိမကောင်း၊ ရှိမကောင်း၊ မသုံးလည်းခက်၊ သုံးလည်း ခက် … ဖြစ်နေကြပါသတဲ့။ ယူအက်စ်ဘီ ဒရိုက်ထဲမှာလည်း ဗိုင်းရပ်စ်တွေ၊ စပိုင်ဝဲတွေနဲ့ဆိုတော့ မိတ်ဆွေတွေကို အင်တာနက်ပြတင်းက လှမ်းကြည့်လိုက်ရင် ဗိုင်းရပ်ပိုးတွေ၊ ၀ဲတွေနဲ့ တဗြင်းဗြင်း ဖြစ်နေကြတော့ ဒီဟာလေးကိုတော့ အသုံးဝင်ကောင်းပါရဲ့လို့ လက်တို့လိုက်ပါရစေ။ http://free.avg.com/ww.homepage အေဗွီဂျီ အခမဲ့ ဗိုင်းရပ်စ်နဲ့ ၀ဲဆေးကြီးပါတဲ့။ လိမ်းကြည့်ဗျာ။ အင်တာနက်ပေါ်က သူ့နောက်ဆုံးပေါ်တွေကိုလည်း ဆွဲချထားအုံး။ ခေတ်မီဝဲဆေး ဖြစ်နေအောင်။ မဟုတ်ရင် ဒိတ်အောက်တဲ့ ၀ဲဆေးကို လိမ်းမိလို့ ဗိုင်းရပ်စ် ပိုးသစ်တွေက ရယ်တာပေါ့ လုပ်နေလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts